Published 27 Nov 2022

ပျားရည်အိုးပုရွက်ဆိတ် သို့မဟုတ် ပျားရည်ပုရွက်ဆိတ်တွေဟာ ပုရွက်ဆိတ်မျိုးစိတ်များစွာထဲက အထူးပြုလုပ်သားတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပင်မတာဝန်က ဝတ်ရည်တွေကို ပျားရည်သိုလှောင်အိမ်ကြီးဖြစ်လာသည်အထိ တစ်ဝတစ်ပြဲစားသုံး ပေးရတာဖြစ်ပါတယ်။

ပျားဆိုတဲ့အင်းဆက်တစ်မျိုးတည်းကသာ  ချိုမြပြီးစေးထန်းက  အညိရောင်မှာ ရွေရောင်အထိသန်းနေတတ်တဲ့ သဘာဝထွက်ကုန်ဖြစ်တဲ့  ပျားရည်ကို ထုတ်လုပ်ပေးတာ မဟုတ်ဘူးဆိုတာ သင်တို့သိကြပါသလား။ အခြားသော ပျားအမျိုးအစားဖြစ်တဲ့ ပိတုန်းတွေနှင့် နကျယ်ကောင်တွေကလည်း ချိုမြတဲ့ စားဖွယ်ကို ထုတ်လုပ်ပေးကြတယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ပျားရည်အိုးပုရွက်ဆိတ်လို တမူထူးခြားတဲ့ အင်းဆက်တစ်မျိုးကနေ ပျားရည်ထုတ်ပေးတာ ကိုတော့ အံ့အားသင့်ကြမှာဖြစ်ပါတယ်။

လုပ်သားပုရွက်ဆိတ်တွေဟာ မျိုးစုံသော အပင်တွေဆီက ပျားဝတ်ရည်တွေကို စားသုံးကြပါတယ်။ သူတို့ရဲ့ ဝမ်းဗိုက်ကြီး ထဲ ပျားရည်တွေ ပန်းဝင်ဖို့အဆင်သင့်ဖြစ်လာတဲ့အထိ ကျယ်ကားလာတဲ့တိုင် သူတို့က စားသုံးကြရတာဖြစ်ပါတယ်။

ပျားပုရွက်ဆိတ်တွေကနေ ပြန်အန်ထွက်လတဲ့ ချိုမြတဲ့ အရည်တွေကို ပုရွက်ပျားရည်လို့ ခေါ်ကြပါတယ်။

ပျားပုရွက်ဆိတ်မျိုးစိတ်အများစုကို ခြောက်သွေ့တဲ့ ကန္တာရ ဒါမှမဟုတ် ဩစတြေလျ၊အမေရိကန်နှင့် မက္ကဆီကိုက မိုးခေါင်ခြောက်သွေ့တဲ့ ဒေသတွေနှင့်အာဖရိကတိုက်တွေမှာ တွေ့ကြရပါတယ်။ အဲဒီနေရာတွေမှာ အစားအစာရှားပါးတဲ့ အတွက် အဲဒီဝန်းကျင်နှင့် လိုက်လျောညီထွေအသက်ရှင်နေထိုင်လို့ရအောင် ယခုလို သဘာဝအရ ပျားရည်တွေ ထုတ်လုပ်စုဆောင်းတာဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

ပျားပုရွက်ဆိတ်တွေဟာ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေဖြစ်လို့ အခြားသော နယ်ချဲ့ ပုရွက်ဆိတ်တွေက တစ်ခါတစ်ခါမှာ သူတို့ကို တိုက်ခိုက်ခိုးယူသွားတတ်ကြပါတယ်။ ဩစတြေလျမှာ ရှေးတိုင်းရင်းသားတွေဟာ ပျားရည်စုဆောင်းပေးတဲ့ အင်းဆက်ကောင်တွေကို အထူးတန်ဖိုးထားကြပါတယ်။ ၁၉၉၀ပြည့်နှစ်က ထုတ်လုပ်ခဲ့တဲ့ သတင်းရုပ်ရှင်ကား Trials Of Life  မှာ ဒေးဗစ် အက်တန်ဘရော့တ်က ပျားရည်ပုရွက်ဆိတ်တစ်ကောင်ကို သူ့ပါးစပ်ထဲထိုးထည့်ပြခဲ့ပါတယ်။

ပုရွက်ဆိတ်ကရတဲ့ပျားရည်နှင့် ပျားကောင်က ရတဲ့ပျားရည် ဘာတွေကွာခြားသလဲ။ ဒီနှစ်မျိုးက စကြည့်ကြည့်ချင်းတော့ ဆင်တူသလိုထင်ရပါတယ်။ သေသေချာချာလေ့လာကြည့်တဲ့အခါ ပုရွက်ပျားရည်က ပုံမှန်ပျားရည်ထက် နည်းနည်းကျဲ တောက်တောက်နိုင်ပါတယ်။ ပြီးတော့ အရသာကချိုပေမယ့် လူတွေပုံမှန်စားသုံးနေတဲ့ပျားရည်နှင့်နှိုင်းယှဉ်ရင်တော့ အချိုပေါ့ပါတယ်။သာမာန်ပျားရည်မှာ မတွေ့ရတဲ့ ချဉ်ပြုံးပြုံးအရသာကလေးလည်းပုရွက်ပျားရည်မှာ ရှိနေပါတယ်။

နောက်သိသာတဲ့ ကွာခြားချက်က ပုရွက်ပျားရည်ထဲမှာ ဂလူးကို့စ်ဟာ ဖရူးတို့စ်ထက် ပမာဏပိုများပါတယ်။ သာမာန် ပျားရည်မှာတော့ ဆန့်ကျင်ဖက်ပါ။ ဒါပေမယ့် နှစ်မျိုးစလုံးဆီမှာတော့ antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မြင့်မားမားပါဝင်နေတာဖြစ်ပါတယ်။

Source: nairaland.com

#Honeypot_Ants

#Honey_producing_ants

#Camponotus_inflatus