Published 27 Nov 2022

✅ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အမ်က သူ့နိုင်ငံရဲ့ အန္တိမရည်မှန်းချက်ဟာ ကမ္ဘာ့ စွမ်းအားအရှိဆုံး နျူကလီးယားအင်အား ပိုင်ဆိုင်ဖို့ပဲဖြစ်တယ်လို့ပြော

✅ မကြာသေးခင်က မြောက်ကိုးရီးယားရဲ့ အကြီးဆုံး ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်မှုတွေအတွင်း ဒါဇင်ပေါင်းများစွာသော စစ်အရာရှိတွေကို သူက ရာထူးတိုးပေးရင်းပြောဆိုခဲ့

✅ သူဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် Hwasong-17 တိုက်များအကြားပစ်လွှတ်သည့်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို စစ်ဆေး ပြီးနောက် ယင်းကြေညာချက်ထွက်ပေါ်လာ

✅ နျူကလီးယားအင်အားတွေတည်ဆောက်ခြင်းဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊အချုပ်အခြာအာဏာနှင့် ပြည်သူတွေကို ယုံကြည်စိတ်ချရစွာ ကာကွယ်ပေးနိုင်ဖို့အတွက်ဖြစ်တယ်လို့ သူကပြော

✅ သူက Hwasong-17 ဒုံးကျည်ကို  ကမ္ဘာ့ အားအပြင်းထန်ဆုံး မဟာဗျူဟာလက်နက် လို့ ခေါ်ဆိုလိုက်ပြီး   ဒါဟာ မြောက်ကိုးရီးယားရဲ့ ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်ကို နောက်ဆုံးမှာ တည်ဆောက်နိုင်တဲ့စွမ်းရည်ကို ပြသလိုက်တာလို့ပြော

✅ ပဲ့ထိမ်းဒုံးကျည်ပေါ်မှာ နျူကလီးယားထိပ်ဖူးကို တပ်ဆင်တဲ့ နည်းပညာကို မြောက်ကိုးရီးယားသိပ္ပံပညာရှင်တွေက အံအားသင့်ဖွယ် တည်ဆောက်လိုက်နိုင်ခဲ့ပြီလို့ သူကပြော

✅ နျူကလီးယား အခြောက်အဟန့်ကို သူ့အနေနှင့် ဆက်လက်ပြီး အလွန်လျင်မြန်တဲ့နှုန်းနှင့် အင်အားပိုကောင်းလာအောင် တိုးချဲ့သွားမယ်လို့ သူက ဒုံးကျည်စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ ပညာရှင်တွေ၊စစ်ဘက်အရာရှိကြီးတွေနှင့်အတူ ဓာတ်ပုံအရိုက်ခံရင်း ဆက်လက်ပြောဆို

✅ Hwasong-17 တည်ဆောက်နေစဉ်အတွင်း တစ်ခုပြီးတစ်ခု သူတို့သင်ယူခဲ့ကြရတယ်လို့ သူတို့က ကင်မ်ကိုပြောပြ

✅ အဆိုပါဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးကို ရောက်ရှိနိုင်စွမ်းရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ချက်ခြင်းပင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌက မြောက်ကိုးရီးယား ဒုံးကျည်ပစ်လွှတ်တာနှင့်ပတ်သက်လို့ ဆုံးဖြတ်ကြေညာချက် ထုတ်ပေးဖို့တောင်းဆိုခဲ့

✅ ဒီဒုံးကျည်ဟာ  နယ်ချဲ့အမေရိကန်ပြည်ထောင်စုရဲ့ နျူကလီးယား သာလွန်ကြီးစိုးမှုကို တွန်းလှန်နိုင်စွမ်းရှိပြီး  မြောက်ကိုးရီးယားဟာ အင်အားအကြီးဆုံး တိုက်များအကြားပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ကြောင်းပြသခြင်းဟု နိုင်ငံပိုင် မီဒီယာကပြော

Source : Reuters

#North_Korea_goals_strongest_nuclear_Power

#World's_strongest_nuclear_force

#Kim_Jong_Un