Published 5 Nov 2022

မလေးရှားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအတွက် မဲဆယ်ပွဲတွေ စတင်နေတဲ့အလျောက် ယခုဆို အသက်(၁၀၀)နီးပါးဖြစ်နေတဲ့ နိုင်ငံရေးသမားကြီး မဟာသီဟာ မိုဟာမက်ဟာ နိုဝင်ဘာ ၅ ရက်နေစနေနေ့က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်လိုက်ပါတယ်။ ဒါဟာ သူ့အတွက် နောက်ဆုံးယှဉ်ပြိုင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။

ဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့်ဟာ ရွေးကောက်ပွဲကို သတ်မှတ်ချိန်ထက် ၁၀ လစောပြီး ခေါ်လိုက်ပါတယ်။  အကျဉ်းစံ ခေါင်းဆောင်ဟောင်း နာဂျစ် ရာဇက်ရဲ့ အကျင့်ပျက်ခြစားမှုတွေရှိနေတဲ့ အာဏာရပါတီဟာ ဒရာမာဆန်ဆန်  မဲဖြင့်ပထုတ်ခံရပြီး လေးနှစ်အကြာမှာ နိုင်ငံရေးအရ ပြန်လည်ရှင်သန်နိုင်ရေး ခိုင်မြဲအောင်ကြိုးစားနေပါတယ်။

၂၀၁၈ခုနှစ်က မဟာသီယာဟာ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာ ကမ္ဘာ့ ဂင်းနက်မှတ်တမ်းက “ ကမ္ဘာ့ အသက်အကြီးဆုံး လက်ရှိဝန်ကြီးချုပ်”အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

အခု အသက် ၉၇ နှစ်ရှိနေပြီဖြစ်တဲ့သူဟာ နိုဝင်ဘာ ၁၉ ရက်ရွေးကောက်ပွဲမှာ အပန်းဖြေကျွန်း လန်ကာဝီကနေ ပါလီမန် အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်ပါတယ်။