Published 16 Oct 2022

နိုင်ငံပေါင်း(၉)နိုင်ငံမှာ နျူကလီးယားထိပ်ဖူးပေါင်း၁၂၇၀၀ နှင့်အတူ ကမ္ဘာကြီးမှာ နျူကလီးယားစစ်ပွဲအန္တရာယ်တစ်ခုဟာ အမြဲတမ်းရှိနေပါတယ်၊

အန္တရာယ်ဖြစ်နိုင်ချေက နည်းပါးသေးပေမယ့် ယူကရိန်းစစ်ပွဲတစ်ဝိုက်မှာ တင်းမာမှုတွေကတော့မြင့်တက်နေပါတယ်။  ယူကရိန်းစစ်ပွဲမှာ တိုးတက်မှုအတွက် အတော်ရုန်းကန်နေရတဲ့အလျောက် ရုရှားသမ္မတပူတင်က  သေရေးရှင် ရေးဖြစ်လာရင် နျူကလီးယားလက်နက်သုံးမယ့်သဘော အရိပ်အယောင်ပြလာခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတေ့ ပူတင်ဟာ အဲဒီအဆင့်အထိသုံးမယ့်ပုံမပေါ်ဘူးလို့ သုံးသပ်ကြပေမယ့် ကမ္ဘာ့ခေါင်းဆောင် တွေကတော့ အဲဒီအပေါ်အရေးတကြီးဖြစ်နေကြပါတယ်။

 

တကယ်လို့များ အဆိုးဆုံးကိစ္စကြီးဖြစ်လာပြီဆိုရင် နျကလီးယားအန္တရာယ်ကို လျှော့ချပေးနိုင်မယ့် လွယ်ကူတဲ့နည်းလမ်းတွေကို မှတ်သားထားသင့်ပါတယ်။

“ ရေဒီယိုသတ္တိကြွကြောင့်ဖြစ်တဲ့ ထိခိုက်သေဆုံးမှုတွေကို တကယ့်ကို ကာကွယ်နိုင်ပါတယ်” လို့ လောရင့် လစ်ဗာမိုး အမျိုးသားဓာတ်ခွဲခန်းက ရေဒီယိုသတ္တိကြွနှင့် အရေးပေါ်ပြင်ဆင်ရေးဆိုင်ရာ ကျန်းမာရေးပညာရှင် ဘရွတ်ဘာဒီမီယာက Insider ကို ၂၀၁၈ ခုနှစ်တုန်းက ပြောခဲ့ပါတယ်။

“ နျူကလီးယားတိုက်ခိုက်ခံရပြီးနောက် ဘာလုပ်ရမယ်ဆိုတာသိရင် ဓာတ်ရောင်ခြည်ကြောင့် လူတွေ ရာထောင်ပေါင်း များစွာကို ဖျားနာသေဆုံးခြင်းကနေ ကယ်တင်နိုင်ပါတယ်” လို့ သူကပြောပါတယ်။

အဲဒါကြောင့် အောက်ဖော်ပြပါ ကာကွယ်ရေးဆိုင်ရာ အကြံပြုချက် (၁၇)ချက်ကို တင်ပြလိုက်ရပါတယ်။

လျှပ်ပြက်၊ပေါက်ကွဲခြင်း

အရေးပေါ်စီမံခန့်ခွဲမှု ဖက်ဒရယ်အေဂျင်စီ FEMA အဆိုအရ နျူကလီးယားလက်နက်ရဲ့ အကျိုးဆက်တစ်ခုအတွင်း အရေးကြီးတဲ့ အဆင့် (၆)ဆင့်ရှိတယ်လို့သိရပါတယ်။ အဲဒါတွေက..

၁။ မီးအလုံးကြီးကြောင့်ဖြစ်ပေါ်တဲ့ တောက်ပတဲ့လျှပ်ရောင်ဟာ ယာယီမျက်စေ့ကွယ်စေနိုင်ပါတယ်

၂။ ပေါက်ကွဲတဲ့လှိုင်းကြောင့် အဆောက်အဦတွေပြားပြားဝပ်သွားစေနိုင်ပြီး အကြီးအကျယ်ဒဏ်ရာရတာ၊ သေဆုံးတာဖြစ်နိုင်ပါတယ်။ အဲဒီလှိုင်းဟာ ကိုယ့်ဆီကိုရောက်ဖို့ စက္ကန့်အနည်းငယ်ကြာတတ်ပါတယ်။

၃။ နျူကလီးယား ဓာတ်ရောင်ခြည်ရဲ့ လှုပ်ခတ်မှု

၄။ မီးနှင့်အပူ- အဲဒါကြောင့် ငြှိမ်းသတ်မနိုင်တဲ့ မီးလောင်ကျွမ်းမှုဖြစ်စေတတ်ပါတယ်။

၅။ လျှပ်စစ်သံလိုက်ဓာတ်-ယင်းကြောင့် မိုင်ပေါင်းများစွာပတ်လည်က အီလက်ထရွန်းနစ်ပစ္စည်းတွေ သုံးမရဖြစ်စေတတ်ပါတယ်။

၆။ရေဒီယိုသတ္တိကြွအမှုန်များ-ယင်းတို့က ပေါက်ကွဲမှုမှတစ်ဆင့်လေထဲပျံနှံ့ပြီး ၁၅မိနစ်ခန့်အကြာတွင် ကိုယ့်ဆီရောက်လာနိုင်ပါတယ်။ ခပ်မြင့်မြင့်မှာတိုက်တဲ့လေကြောင့်လည်း စတုရန်းမိုင်ရာပေါင်းများစွာအပေါ် ဖြန့်ကျက်စေနိုင်ပါတယ်။ပေါက်ကွဲတဲ့နေရာမှာတော့ အပြင်းထန်ဆုံးဖြစ်ပါတယ်။

နျူကလီးယားလက်နက်တွေဟာ သိပ်ကြောက်စရာကောင်းပါတယ်။ မြို့ကြီးတစ်မြို့ကိုကျရောက်တာနှင့်လူ ရာထောင်  များစွာ သေကြေပျက်စီးနိုင်ပါတယ်။

ဒါပေမယ့် အဆိုးရွားဆုံးပျက်စီးမှုတွေမှာတော့ အသက်ရှင်ကျန်မယ့်သူမရှိသလောက်ပါပဲ။အဲဒါကို အဆိုးရွားဆုံး အပျက်အစီးဇုန်လို့ခေါ်ပါတယ်လို့ သူကပြောပါတယ်။ ၁၀ ကီလိုတန်ပေါက်ကွဲမှုဆိုရင် ဟီရိုရှီးမားဗုံးပြင်းအားရဲ့ သုံးပုံနှစ်ပုံပါ။ မိုင်ဝက်အချင်းရှိတဲ့ပေါက်ကွဲမှုပါ။

ခင်ဗျားရဲ့မြို့ကို နျူကလီးယားဗုံးတစ်လုံး ကြဲချပြီဆိုရင် ဖြစ်နိုင်ချေအင်မတန်နည်းတဲ့ အနေအထားတစ်ခုမှာ အသက်ရှင်ကျန်ဖို့ အခွင့်အလမ်းကို တိုးမြှင့်ရယူနိုင်မယ့် နည်းလမ်းတွေတော့ရှိပါတယ်။

ဟီရိုရှီးမား ဗဟိုချက်ရဲ့ မီတာ ၃၀၀(ပေ၉၀၀)အတွင်း အသက်ရှင်ကျန်ရစ်သူတွေရှိခဲ့ပါတယ်လို့ ဘရွတ်ဘာဒီမီယာက ပြောပါတယ်။

ဘယ်လိုပြင်ဆင်ရမလဲ

အရေးပေါ်အရန်အသင့် ကိရိယာတစ်စုံ ရှိထားသင့်တယ်လို့ အမေရိကန်ကြက်ခြေနီအသင်းက အကြံပြုထားပါတယ်။ အဲဒီ တစ်စုံထဲမှာ ရေ၊အစားအစာ၊လက်နှိပ်ဓာတ်မီး၊ဆေးဝါးနှင့် အခြားပစ္စည်းတွေပါဝင်ပါတယ်။ အသေးစိတ်ကို ဒီမှာ ဆက်ကြည့်နိုင်ပါတယ်။

အန္တရာယ်ဆိုးကျိုးတစ်ခုခုအတွက် အမိုးအကာတွေ ကိုယ့်နေတဲ့ရပ်ကွက်မှာ ရှိသလား ရှာထားပါ။ ကိုယ့်မိသားစုအတွက် အကယ်လို့ ဘေးအန္တရာယ်ကြုံလာရင်ခိုနားလို့ရမယ့် အမိုးအကာတည်ဆောက်မယ့် အစီအစဉ်ရေးဆွဲထားပါ။အရေး ကြုံရင် ဘယ်သူနှင့်ဆက်သွယ်ရမလဲ(ဥပမာကြက်ခြေနီအသင်း) စဉ်းစားထားပါ။

မကြာမီတိုက်ခိုက်ခံရတော့မယ်လို့ သတိပေးမှုရရှိရင် ဘာလုပ်မလဲ

မကြာမီတိုက်ခိုက်မှာလာတော့မယ်လို့ သတိပေးချက်ရရှိရင် ပထမဆုံးအလုပ်က ခိုနားရာ အမိုးအကာကိုရှာဖို့ပဲဖြစ်တယ်။ အဲဒီနေရာက ခင်ဗျားကို ပေါက်ကွဲမှုကြောင့် ခန္တာကိုယ်ထိခိုက်နိုင်တာရော ဓာတ်ရောင်ခြည်တွေအန္တရာယ်ကရော အထိုက်အ‌လျောက်ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

ကိုယ်ကကားမောင်းနေတယ်ဆိုရင် လမ်းဘေးချက်ခြင်းရပ်၊ကားပေါ်ကထွက် အဆောက်အဦတစ်ခုခုသွားမယ့် လမ်းကိုရှာ ပြီးသွားပါလို့ သူက အကြံပြုပါတယ်။

အတွင်းခန်းအမိုးအကာကိုရှာပါ။ ပိုကောင်းတာက မြေအောက်ခန်းပဲဖြစ်တယ်။ အုတ်သို့မဟုတ် ကွန်ကရစ် အဆောက် အအုံ ဖြစ်တယ်လို့  ကြက်ခြေနီနှင့် FEMA  တို့က အကြံပြုထားပါတယ်။ အဆောက်အအုံရဲ့ အလယ်မှာ ကြိုးစားပြီးနေပါ။ ဥပမာ- လှေကားခွင်လိုနေရာမျိုးပေါ့။

အဆောက်အဦအတွ်း ပိုနိမ့်ပြီး ပိုနက်တဲ့နေရာမှာ နေနိုင်ပါတယ်။ ပြတင်းတွေနှင့် ဝေးဝေးနေပါ(ကွဲရှနိုင်)။ တံခါးတွေနှင့် ဝေးဝေးနေပါ(ပွင့်ထွက်နိုင်)။ အပြင်နံရံတွေနင့်ဝေးဝေးနေပါ( ပြိုလဲကျနိုင်)။

“ လေဆင်နှာမောင်းတိုက်ရင် ပုန်းသလိုမျိုးအတူတူသဘောပါပဲ” လို့ သူကပြောပါတယ်။

မီးလုံးကြီးကို မကြည့်မိပါစေနှင့်။ အဲဒီအလင်းရောင်ဟာ အမြင်အာရုံကို ခေတ္တကွယ်စေနိုင်တယ်လို့ FEMA က သိရပါတယ်။

ညွှန်ကြားချက်တွေကို အဆက်မပြတ်ပါစေနှင့်။မိုဘိုင်းဖုန်းတွေက ပြန်တောက်သွာနိုင်တယ်။ ဒါပေမယ့် ရေဒီယိုတွေက ဆက်အလုပ်လုပ်နေပါဦးမယ်။

လူသားတွေနှင့်အိမ်မွေးတိရိစ္ဆာန်တွေအားလုံးဟာ အာဏာပိုင်တွေဆီက ဘာညွှန်ကြားချက်မှ မလာသေးဘဲနှင့် အဆောက်အဦအတွင်းမှာပဲ အနည်းဆုံး ၂၄ နာရီနေပေးရပါမယ်လို့ ကြက်ခြေနီအဖွဲ့ကဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့အချိန် အပြင်မှာရှိနေရင်ဘာလုပ်ရမလဲ

အပြင်မှာ ခင်ဗျားရောက်နေရင် ပထမဦးစားပေးလုပ်ရမှာက ပေါက်ကွဲမှုလှိုင်းတွေကို ကာကွယ်နိုင်အောင် ကိုယ့်ကိုကိုယ် မိုးကာရမှာဖြစ်ပါတယ်။ ကိုယ့်ကိုကာလို့ရတဲ့ အရာမှန်သမျှနှင့်ကာထားပါ။ အဲဒီနောက် မြေပြင်မှာ ဆန့်လှဲချလိုက်ပြီး ခေါင်းကို ဖုံးကာထားပေးပါလို့ ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။

ပေါက်ကွဲတာတွေက ကိုယ့်ကိုကျော်သွားပြီလို့ ဘယ်တော့မှ မမှတ်ယူပါနှင့်။ လှိုင်းတွေကိုယ့်ဆီရောက်ဖို့ ၃၀စက္ကန့်လောက် ကြာတတ်ပါတယ်လို့လည်း ကြက်ခြေနီအဖွဲ့ကပြောပါတယ်။

ပေါက်ကွဲလှိုင်းတွေဖြတ်သွားပြီးတဲ့နောက် ဓာတ်ရောင်ခြည်ထိတွေ့မှု အကန့်အသတ်ဖြစ်ဖို့လိုပါတယ်။

အပြင်မှာပဲဆက်ရှိနေတုန်းပဲဆိုရင် ကိုယ့်ရဲ့ပါးစပ်ကို အဝတ်သို့မဟုတ် မျက်နှာသုတ်ပဝါစဖြင့် ဖုံးအုပ်ထားပါ။ အဲသလို လုပ်ပေးခြင်းဖြင့် ရေဒီယိုသတ္တိကြွအမှုန်တွေက အသက်ရှုသွင်းတဲ့အထဲ ပါဝင်မှုကို လျော့ချပေးနိုင်ပါတယ်။

ကိုယ်ကပေါက်ကွဲတဲ့နေရာနှင့် ဘယ်လောက်ပင်ဝေးနေပါစေ အမိုးအကာအောက်ရောက်နိုင်သမျှရောက်အောင်လုပ်ပါ။ ရေဒီယိုသတ္တိကြွတွေ အမှုန်တွေဟာ မိုင်ပေါင်းရာချီခရီးသွားနိုင်လို့ဖြစ်ပါတယ်လို့ ကြက်ခြေနီက ပြောပါတယ်။ အတွင်းထဲ ရောက်လို့ အန္တရာယ်ကင်းပြီဆိုရင်တော့ အပေါ်ကဖုံးကာထားတာတွေကို ဖယ်ရှားလိုက်ပါ။

အမိုးအကာတွေ့ပြီဆိုတာနှင့် ဘာလုပ်ရမလဲ

အပြင်မှာခင်ဗျားရှိနေရင် ခန္ဓာကိုယ်က ရေဒီယိုသတ္တိကြွအမှုန်တွေ နှင့် ဝေးလို့ရနိုင်သလောက်ဝေးအောင်လုပ်ပါ။

အချိန်တိုတိုအတွင်း အများကြီးနှင့်ထိတွေ့မိရင် ခန္ဓာကိုယ်ကို ပျက်စီးစေပါလိမ့်မယ်။ မိမိခန္ဓာက မိမိကိုယ်မိမိ ပြန်ပြုပြင်တာကို ကန့်သတ်သွားပါလိမ့်မယ်။ ကူးစက်ရောဂါတွေကို ပြန်လည်တိုက်ခိုက်တာနှင့် အခြားသော လုပ်ဆာင်မှု တွေကို ကန့်သတ်စေပြီး အဲဒါက အန္တရာယ်ရှိတဲ့အခြေအနေဖြစ်တဲ့ အမြဲတမ်း ဓာတ်ရောင်ခြည်အဆိပ်သင့်ဖျားနာမှုကို ဦးတည် သွားစေပါလိမ့်မယ်။

နာရီအနည်းငယ်အတွင်း ထိတွေတဲ့ပမာဏ ၇၅၀ millisieverts လောက်ရှိရင် လူကို နာမကျန်းဖြစ်စေပါတယ်။ ဒါဟာ နှစ်စဉ် သာမာန်အမေရိကန်တစ်ဦး သဘာဝနှင့်ဆေးဝါးကရတဲ့ ဓာတ်ရောင်ခြည်ပမာဏထက်  အဆ၁၀၀ခန့် များနေပါတယ်။ ၁၀ ကီလိုတန်ပေါက်ကွဲမှုဟာ အချင်းဝက် တစ်မိုင်အတွင်း ဒီလောက်များတဲ့ ထိတွေ့မှုကို ဖြစ်ပေါ်စေပါ တယ်။

 အဝတ်အစားရဲ့ အပေါ်က အလွှာကို ဖယ်ထုတ်ပစ်လိုက်ခြင်းက ရေဒီယိုသတ္တိကြွမှုန်တွေ ညစ်ညမ်းခြင်းကို ၉၀ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်တယ်လို့ ကြက်ခြေနီကပြောပါတယ်။

ဖြစ်နိုင်ရင်တော့ အဲဒီစွန်းပေနေတဲ့အဝတ်တွေအားလုံးကို ပလပ်စတစ်အိတ်ထဲထည့်ပြီး အခြားသူတွေနှင့် အိမ်မွေးတိရိစ္ဆာန် တွေနှင့် ဝေးရာမှာ သွားထားလိုက်ပါ။ အဝတ်အစားတွေက ဓာတ်ရောင်ခြည်ကို ဆက်ပြီးလွှတ်ထုတ်ပေးနိုင်လို့ဖြစ်ပါတယ်။

ဆံပင်နှင့် အရေပြားကို  ဆပ်ပြာတွေ ခေါင်းလျှော်ရေတွေအများကြီးနှင့် ပြီးတော့ ရေဖြင့် ဆေးကြောပစ်ပါ။ အရေပြားကို မကုတ်ခြစ်ပါနှင့်။ ဆံပင်ပြုပြင်ဆေး conditioner မသုံးပါနှင့်။ အဲဒီဆေးတွေက ရေဒီယိုသတ္တိကြွပစ္စည်းတွေနှင့် ဆံပင်ကို တွယ်ကပ်စေလို့ဖြစ်ပါတယ်လို့ ကြက်ခြေနီက ပြောပါတယ်။

အညစ်အကြေးတွေ ပိတ်မိနေနိုင်တဲ့ နှာခေါင်းကို ညင်ညင်သာသာ မှုတ်ထုတ်ပစ်ပြီး နားရွက်တွေကိုလည်း သုတ်ပစ်ဖို့ လိုပါ တယ်။

ရေချိုးလိုက်တာက အကောင်းဆုံးပါပဲ။ ဒါပေမယ့် ရေမချိုးနိုင်ရင် ရေစိုနေတဲ့အဝတ်နှင့် ပွတ်တိုက်ပေးပါ။  အဲဒီအဝတ် ကလည်း အပြင်မှာထားတာမဟုတ်တဲ့ အဝတ်ဖြစ်ရပါမယ်လို့ FEMA ကပြောပါတယ်။

ကိုယ့်ရဲ့တိရိစ္ဆာန်လေးတွေက အပြင်မှာရှိရင် သူတို့မှာကပ်ငြိပါလာတဲ့ ရေဒီယိုသတ္တိကြွအမှုန်တွေက သူတို့နှင့် ခင်ဗျားကို ထိတွေ့မိစေပါလိမ့်မယ်။ ကိုယ့်အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အမွှေးတွေကို ဖီးပေးပြီး ဆပ်ပြာနှင့်ရေနှင့် သူတို့ကို ရေချိုးပေးပါ။

ဖြစ်နိုင်ရင် ပြတင်းနှင့် မီးလင်းဖိုတွေကိုပိတ်ထားပါ။ပန်ကာတွေနှင့်လေအေးပေးစက်တွေပိတ်ပါလို့ ကြက်ခြေနီက ဆိုပါတယ်။

အမိုးအကာအတွက် ပြင်ဆင်ထားပါ

လှုပ်ရှားဖို့က အန္တရာယ်ရှိမရှိမသေချာရင် ပေါက်ကွဲနေတဲ့ အမိုးအကာအထဲ ကိုယ်ကိုနိမ့်နိုင်သမျှနိမ့်အောင် ခိုဝင်ပါ။

ဒီအချိန်မှာ မီးတွေနှင့် အပျက်အစီးအပုံတွေက ပြန့်ကျဲနေနိုင်တယ်လို့ ဘရွတ်ဘာဒီမီယာက ပြောပါတယ်။

ထုတ်ပိုးထားပြီးသား အစားအသောက်တွေကိုပါ စားသောက်ပါ။ ဒါမှမဟုတ် အဆောက်အဦအတွင်းက အစားအစာတွေ  ကိုပဲစားသုံးပါလို့ FEMA ကပြောပါတယ်။

မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ကလေးတွေရဲ့ကျန်းမာရေးအတွက် ဂရုစိုက်ပါ။ အပြုသဘောဆောင်တဲ့လှုပ်ရှားမှု တွေကို အာရုံစိုက်ပါ။ ကြောက်စရာကောင်းတဲ့ မီဒီယာသတင်းပေးပို့ချက်တွေကို ကလေးတွေမသိအောင်ကန့်သတ်ပါ။  စားဖို့သောက်ဖို့သတိရနေပါ။ အခြားသူတွေအပေါ်စိတ်ရှည်ပါလို့ ကြက်ခြေနီက အကြံပြုပါတယ်။

ပေါက်လောင်မှုတွေဖြစ်တာပဲဖြစ်ပစေ၊ရေဒီယိုသတ္တိကြွအမှုန်တွေ ရောက်လာတာပဲဖြစ်ပစေ နှစ်မျိုးစလုံးအတွက် အရေးအကြီးဆုံးက အတွင်းထဲမှာ နေထိုင်ကြဖို့ပဲဖြစ်ပါတယ်လို့ ဘရွတ်ဘာဒီမီယာက ပြောပါတယ်။

Source Insider

#Nuclear_war

#Radiation_illness

#Tips_For_Minimize_risks