Published 16 Oct 2022

အီတလီကဆရာဝန်တစ်ဦးဟာ နိုးထလျက်သား  ဆက်ဆိုဖုန်းမှုတ်နေတဲ့ လူနာတစ်ဦးကို မကြာသေးခင်က အင်မတန်မှလက်ဝင်တဲ့ ဦးနှောက်ခွဲစိတ်မှုတစ်ခုပြုလုပ်ခဲ့တဲ့ အသေးစိတ်ကို မျှဝေပေးခဲ့ပါတယ်။

ရောမမြို့က ပိုင်ဒီယာနိုင်ငံတကာ ဆေးရုံကြီးမှာ G.Zလို့ အမည်ပေးထားတဲ့ အသက် ၃၅ နှစ်အရွယ် လူနာဟာ သူရဲ့ ဦးနှောက်အကြိတ်ကို ဖယ်ထုတ်တဲ့ (၉)နာရီကြာခွဲစိတ်ကုသမှုအတွင်း သူဟာ နိုးထနေပြီး သူ့ရဲ့ဆက်ဆိုဖုန်းကို တီးမှုတ်နေခဲ့တာဖြစ်ပါတယ်။

တေးဂီတတီးမှုနေတဲ့အတွက်ကြောင့် သူတို့ခွဲစိတ်တဲ့အခါ သူ့ဦီးနှောက်ရဲ့ မတူခြားနားတဲ့ လုပ်ဆောင်မှုတွေကို ခွဲစိတ်ဆရာဝန်တွေဟာ ဆက်စပ်ကြည့်ရှုနိုင်ခဲ့ကြတယ်လို့ ဆရာဝန်တွေကပြောပါတယ်။

“ နိုးထရင်းနှင့်ခွဲစိတ်ခြင်းဟာ အာရုံကြောကွန်ယက်တွေခွဲစိတ်မှုအတွင်း  တီးမှုတ်တာ၊စကားပြောဆိုတာ၊လှုပ်ရှားတာ၊မှတ်မိတာ၊ရေတွက်တာစတဲ့ အမျိုးမျိုးသော ဦးနှောက်လုပ်ဆောင်မှုတွေကို အလွန်တိကျစွာ အသေးစိတ်ဆက်စပ် လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင် ဒေါက်တာ ခရစ်ရှန်ဘရွန်နာက သတင်းထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

“ နိုးထရင်းခွဲစိတ်မှုရဲ့ ရည်မှန်းချက်က လူနာရဲ့ ဘဝအရည်အသွေးကို ထိန်းသိမ်းထားရင်း ဦးနှောက်အကြိတ်ကို ဖယ်ထုတ်ဖို့ ဒါမှမဟုတ် ဦးနှောက်ရဲ့ သီးသန့်တစ်နေရာမှာရှိနေတဲ့ cavernomas လိုမျိုး သွေးကြောဆိုင်ရာ လွဲမှားဖွဲ့စည်းမှုတစ်ခုကို တိကျစွာသိရှိနိုင်ဖို့ဖြစ်တယ်” လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

ခွဲစိတ်ကုသမှုဟာ အောင်မြင်တယ်လို့ ဘရွန်နာက ပြောပါတယ်။

Source: NYPost

ရုပ်သံကြည့်ရန်>>>>>https://t.me/yangonmediagroup/12967

#Patient_plays_saxophone_during_Surgery

#Paideia_International_Hospital

#Rome_Italy