#World_Health
Published 16 October 2022

 

ကိုဗစ်နောက်ဆက်တွဲလက္ခဏာများကို ၁၂ လကြာသည့်တိုင်အောင် ခံစားနေရသူအများစုဟာ ၁၈ လတိုင်သည်အထိ ဆက်လက်ခံစားရဖွယ်ရှိနေကြောင်း အချက်အလက်များအရ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ စကော့တလန်လူမျိုး ၃၃,၂၈၁ ဦးကို လေ့လာခဲ့ရာ အများစုက ကပ်ရောဂါအစောပိုင်းတုန်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

ကိုဗစ်ရောဂါကူးစက်ခံခဲ့ရသူတွေကို ၁၂ လကြာပြီးနောက်နဲ့ ၁၈ လအကြာတို့မှာ စစ်တမ်းများကောက်ယူခဲ့ရာ အများစုက နောက်ဆက်တွဲလက္ခဏာတွေ ခံစားရဆဲဖြစ်ပါတယ်။

 

ရောဂါကူးစက်ခံခဲ့ရသူ ၃၁,၄၈၆ ဦးမှာ တဝက်နီးပါးလောက်က ၆ လမှ ၁၈ လအတွင်း အပြည့်အဝသက်သာလာခြင်း မရှိခဲ့ပါဘူး။

 

အရေးကြီးတဲ့အချက်က ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေက နေရာတိုင်းကလူတွေမှာဖြစ်နိုင်ပြီး ကိုဗစ်ကြောင့် ဆေးရုံတက်ရတဲ့လူနာတွေမှာသာ ဖြစ်နိုင်တာမျိုးမဟုတ်ကြောင်း ဂလက်စ်ဂိုတက္ကသိုလ်မှ ဦးဆောင်လေ့လာသူ'ဂျေလ်ပဲလ်'က ဆိုပါတယ်။

 

ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတွေက ဆေးရုံတက်ကုသခဲ့ရတဲ့လူနာတွေ၊ အသက်ကြီးသူ၊ အမျိုးသမီး၊ ရောဂါအခံရှိသူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

 

အဖြစ်အများဆုံးလက္ခဏာတွေကတော့ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးတုန်ခြင်း၊ စိတ်အာရုံရှုပ်ထွေးခြင်း တို့ဖြစ်ပါတယ်။

 

ရောဂါမကူးစက်ခင် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကလည်း အချို့လက္ခဏာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိမယ်လို့ ယူဆရပါတယ်။

 

ကိုဗစ်ရောဂါနဲ့ ကျန်းမာရေးပြဿနာများကို သိရဖို့ ကိုဗစ်မကူးစက်ခဲ့တဲ့ လူ ၆၃,၀၀၀ နီးပါးကိုလည်း စစ်တမ်းကောက်ယူကာ ခွဲခြားလေ့လာခဲ့ကြပါတယ်။

 

Source: Reuters
#Yangon_Media_Group