Published 16 Oct 2022

နာဆာရဲ့ Crew-4 မစ်ရှင်ဟာ နိုင်ငံတကာ အာကာသစခန်းထဲမှာ ရက်ပေါင်း ၁၇၀ ရက်နေထိုင်ကြပြီးနောက် ကမ္ဘာမြေပေါ် အောက်တိုဘာ ၁၄ ရက်က  ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။

စပေ့ရှ်အိတ်စ်ဒရက်ဂွန် SpaceX Dragon “ လွတ်လပ်ခြင်း” အာကာသယာဉ်ဟာ နာဆာရဲ့ အာကာသယာဉ်မှူး ကေဂျဲလ် လင်ဂရင်း၊ ဘော့ဟင်နီးနှင့် ဂျက်ဆီကာ ဝပ်ကင်တို့ကို သယ်ဆောင်လာပါတယ်။အဲဒီအပြင် ဥရောပ အာကာသအေဂျင်စီက အီတလီလူမျိုး ဆာမန်သာ ခရစ်တိုဖော်ရက်တီလည်းပြန်လည်လိုက်ပါလာပါတယ်။

အဆိုပါ အာကာသယာဉ်ဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေအနီး ပင်လယ်ရေပြင်ပေါ်သို့ ညနေ ၄နာရီ ၅၅ မိနစ်မှာ သက်ဆင်းခဲ့ပါတယ်။

Source AFP/NASA

#SpaceX_Crew-4

#NASA

#"Freedom"_spacecraft