Published 16 Oct 2022

တရုတ်နိုင်ငံရဲ့ ကိုယ်တိုင်တည်ဆောက်တဲ့ ၁၃.၆ မဂ္ဂါဝပ် ကမ်းလွန်သုံးလေစွမ်းအင်တာဘိုင်စက်တွေ တရုတ်အရှေ့ပိုင်း ဖူကျန့် ပြည်နယ်က စက်မှုဇုန်တစ်ခုမှာ စတင်ထုတ်လုပ်နေပါတယ်။ဒီလိုထုတ်လုပ်နိုင်တာဟာ နိုင်ငံရဲ့ အဆင့်မြင့် ကိရိယာသုတေသနနှင့် ထုတ်လုပ်မှုစွမ်းရည်မှာ အထင်ကရမှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။

ဖူကျန့်သရီးဂျော့ကမ်းလွန်လေစွမ်းအင်နိုင်ငံတကာစက်မှုဥယျဉ်မှာ ၁၃.၆ မဂ္ဂါဝပ် မိုဒဲလ် ဟာ  အချင်း ၂၅၂ မီတာရှိတဲ့ ဒလက်ကြီးတွေ တပ်ဆင်ပေးထားပါတယ်။ အဲဒီဒလက်ကြီးဟာ ဧရိယာ စတုရန်းမီတာ ငါးသောင်းနီးပါးအထိ သိမ်းကျုံး မွှေ့ရမ်းနိုင်ပါတယ်။အဲဒီအကျယ်အဝန်းဟာ ဘောလုံးကွင်း(၇)ကွင်းစာလောက်ရှိပါတယ်။ လေအားတာဘိုင်တစ်ခုဟာ တစ်နှစ်ပတ်လုံးမှာ ၆၃.၅ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လုပ်နိုင်ပါတယ်။ အဲဒါကြောင့်  မိသားစုသုံးဦးပါ အိမ်ထောင်စု ပေါင်း သုံးသောင်းကျော်ကို လျှပ်စစ်ဓာတ်အားပေးနိုင်ပါတယ်။

“ လေတာဘိုင်ဟာ လွတ်လပ်တဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့်အတူ တရုတ်က တည်ဆောက်တာပါ။ ဓာတ်အားကွန်ယက် ပို့လွှတ်မှုရဲ့လိုအပ်ချက်အပေါ်ကောင်းစွာတုန့်ပြန်နိုင်တယ်။ ဒီဇိုင်းက ချောမွေ့ပြီး လုံခြုံစိတ်ချရတဲ့ စက်လုပ်ဆောင်မှုကို လည်းပေးပါတယ်”လို့ ဖူကျန့် တရုတ်သရီးဂျော့ ကော်ပိုရေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ လိုင်ဇင်ကျွမ်းက ပြောပါတယ်။

ကမ်းလွန်လေစွမ်းအင်တာဘိုင်ဟာ ပုံမှန်ကျောက်မီးသွေး တန်ချိန် တစ်သောင်းကိုးထောင်ခန့်ကို အစားထိုးပေးနိုင်ပြီး တစ်နှစ် တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု တန်ချိန် လေးသောင်းရှစ်ထောင်ခန့်ကို လျှော့ချပေးနိုင်ပါတယ်။

ဒီနှစ်ဖေဖော်ဝါရီမှာ ၁၃ မဂ္ဂါဝပ် တိုင်ဖွန်းဒဏ်ခံ ကမ်းလွန်လေတာဘိုင်ကို ဖူကျန့်ကနေ ထုတ်လုပ်ခဲ့ပါတယ်။ ဒါဟာ အာရှမှာလက်ရှိရှိနေတဲ့ လေတာဘိုင်တွေအကြားမှာ အကြီးဆုံးတာဘိုင်ဖြစ်ပါတယ်။ အခုလအနည်းငယ်အကြာမှာ ၁၃.၆ မဂ္ဂာဝပ်ရှိတဲ့ တာဘိုင်အသစ်ထပ်မံထုတ်လုပ်ဖို့ရှိနေပါတယ်။

“ ကျွန်တော်တို့၆.၇ မဂ္ဂါဝပ်၊၈ မဂ္ဂါဝပ်။ ၁၀ မဂ္ဂါဝပ်၊၁၃ မဂ္ဂါဝပ် ကမ်းလွန်လေတာဘိုင်စက်တွေ ထုတ်လုပ်ပေးခဲ့ပါတယ်။ ၁၆ မဂ္ဂါဝပ်စက်ကတော့ အနာဂတ်မှာ လာပါမယ်” လို့ လိုင်းက ဆက်ပြောပါတယ်။

Source CCTV+

 

#13.6_MW_offshore_wind_power _turbine

#China_Wind_Turbine

#Green_Energy