ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာ ရွေ့လျားကာကွယ်ဆေးထိုးယူနစ်တစ်ခုကို စတင်ဆောင်ရွက်ပေးနေပါတယ်။ ရွေ့လျား ကာကွယ်ဆေးထိုးယူနစ်ကို ဘတ်စကားတစ်စီးပေါ်မှာ ပြုလုပ်ထားတာပါ။ဘန်ကောက်ရဲ့ဆင်ခြေဖုံးဒေသမှာရှိတဲ့ လူတွေ ကာကွယ်ဆေးလာထိုးရမယ့် အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။