Published- 10 Sept 2021
အက်စထရာဇီနီကာ ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ် အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲတဲ့ အာရုံကြောပျက်စီးတဲ့ မူမမှန်မှုကို ဥရောပဆေးဝါးအာဏာပိုင်အဖွဲ့က ထည့်သွင်းလိုက်ပါတယ်။ သူတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပုံမှန်အချက်အလက်သစ်တွေထပ်ဖြည့်နေတဲ့ အလုပ်မှာ ဗုဒ္ဓဟူးနေ့က အဲဒီအချက်ကို ထပ်မံဖြည့်သွင်းလိုက်တာဖြစ်ပါတယ်။
 
Guillain-Barré syndrome (ဂျီဘီအက်စ်) ဂီလန်ဘာရေးရောဂါလက္ခဏာစုလို့ ခေါ်ကြတဲ့ အဲဒီမူမမှန်ဖြစ်မှုနှင့် အက်စထရာ ဇီနီကာအကြားဆက်ဆံမှုဟာ အနည်းဆုံးဖြစ်နိုင်ချေတစ်ခုသာဖြစ်တယ်လို့ ဥရောပဆေးဝါးအာဏာပိုင်အဖွဲ့ကဆိုပါတယ်။
ဇူလိုင် ၃၁ရက်အထိ တစ်ကမ္ဘာလုံးမှာ လူပေါင်း ၅၉၂သန်းကို ကာကွယ်ဆေးဖိုးပြီးတဲ့အခါ ၈၃၃ဦးက အဲသလိုဖြစ်တယ်လို့ သတင်းရရှိခဲ့တာဖြစ်ပါတယ် ။
ဥရောပဆေးဝါးအာဏာပိုင်အဖွဲ့က အဲဒီဘေးထွက်ဆိုးကျိုးဟာ ဖြစ်တောင့်ဖြစ်ခဲအဆင့်သတ်မှတ်ပေးထားပြီး ဆေးရဲ့အကျိုးကျေးဇူးနှင့် ချိန်ဆရင် အနိမ့်ဆုံးဘေးထွက်ဆိုးကျိုးတစ်ခုပါလို့ပြောပါတယ်။
 
အခုလို ဂျီဘီအက်စ်ရောဂါစုကို အမေရိကန် အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့က ဂျွန်ဆင်အင်န်ဂျွန်ဆင် ကာကွယ်ဆေးရဲ့ ဖြစ်နိုင်ချေ ဘေးထွက်ဆိုးကျိုးထဲ ထည့်သွင်းထားပါတယ်။ ဒီကာကွယ်ဆေးနှစ်မျိုးစလုံးဟာ ဗိုင်းရပ်စ် ဗက်တာနည်းပညာကို အသုံးပြုဖော်စပ်ထားတာဖြစ်ပြီး ရှားပါးဖြစ်နိုင်ခဲတဲ့ သွေးခဲတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။
 
Source Reuters