Published 4 Sept 2021
ရုရှားက ဂျပန်နှင့် ဆယ်စုနှစ်များစွာကြာ အငြင်းပွားနေသည့် ကျွန်းလေးကျွန်းတွင် ရင်းနှီးမြှပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ အခွန်လွတ်ဇုန်အဖြစ် တည်ထောင်မယ်လို့ ရုရှားသမ္မတ ဗလက်ဒီမီယာပူတင်က ကြေညာလိုက်ပါတယ်။
 
“ ကူရီကျွန်းတွေပေါ်မှာ မကြုံစဖူးသော အကျိုးအမြတ်တွေနှင့် မက်လုံးတွေကို ပေးဖို့ ဖန်တီးနေပါတယ်။ အဲဒီနေရာမှာ လုပ်ငန်းတွေအားလုံး အမြတ်၊အဆောက်အုံ၊မြေ၊သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခွန်တွေအားလုံးကို ၁၀နှစ်တိတိ လုံးဝ ကင်းလွတ်ခွင့်ပေးမှာဖြစ်ပါတယ်” လို့ ပလက်ဒီဗော့စ်စတော့ခ် ပစိဖိတ်ဆိပ်ကမ်းမြို့မှာ သောကြာနေ့က ကျင်းပတဲ့ နှစ်ပတ်လည် အရှေ့ပိုင်း စီးပွားရေးဖိုရမ်မှာ ပူတင်က ပြောလိုက်တာဖြစ်ပါတယ်။
 
ဒီမက်လုံးတွေကို ရုရှားနှင့် ကျွန်တော်တို့ရဲ့ ဂျပန်ပါတနာတွေအပါအဝင် နိုင်ငံခြားရင်းနီးမြှပ်နှံသူတွေ ရရှိကြမှာပါ” လို့ ပူတင်က ပြောပါတယ်။
 
သူ့ရဲ့ ဒီကြေညာချက်ဟာ ဒီကျွန်းတွေကို ပြန်တောင်းနေတဲ့ ဂျပန်ရဲ့ မျှော်လင့်ချက်ကို နောက်ထပ် ရိုက်ချိုးလိုက်သလို ဖြစ်သွားပါတယ်။အဲဒီကျွန်းတွေကို ဆိုဗီယက်ပြည်ထောင်စုက ဒုတိယကမ္ဘာစစ်အပြီး သိမ်းယူခဲ့တာဖြစ်ပြီး ရုရှားက တောင်ကူရီးကျွန်းအမည်နှင့် သိထားကြပြီး ဂျပန်တွေက မြောက်ပိုင်းပိုက်နက်တွေဆိုံအမည်နှင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
၂၀၂၁ခုနှစ်ကနေ မနှစ်က သူနှုတ်ထွက်တဲ့အချိန်အထိ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနှင့် ပူတင်ဟာ အဲဒီကျွန်းကိစ္စကို ၂၅ကြိမ်တွေ့ခဲကြပါတယ်။ ဒါပေမယ့် အောင်မြင်မှုမရှိခဲ့ပါဘူး။
 
ဒီပြသနာကြောင့် ရုရှားနှင့် ဂျပန်အကြား တရားဝင်စစ်ပြေငြိမ်းတဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးရမယ့်ကိစ္စကို အဟန့် အတားဖြစ်နေစေခဲ့ပါတယ်။ ပူတင်ကတော့ ငြိမ်းချမ်းရေးစာချုပ်အတွက် ရုရှားက အဆင်သင့်ရှိနေပေမယ့် ဂျပန်က ကျွန်းတွေနှင့် ပတ်သက်တဲ့ သူ့ရဲ့အနေအထားကို ခဏခဏ အပြောင်းအလဲလုပ်နေတယ် လို့ စွပ်စွဲပြောဆိုထားပါတယ်။
 
Source: SCMP