#WorldNews

 

Published: 4 September 2021

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်ကောင်တီရဲ့ ပြည်သူ့ကျန်းမာရေးဌာနက ယင်းဒေသမှာ ပထမဦးဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲ မျူ ကို တွေ့ရှိရတယ်လို့ စက်တင်ဘာ ၃ရက်က ကြေညာခဲ့ပါတယ်။ ဒ

 

ါပေမယ့် တွေ့ရှိမှုက နည်းပါးပါသေးတယ်။ လော့အိန်ဂျလိစ် ကောင်တီမှာ ယခုထက်ထိ  မျူ ၁၆၇ ခုပဲ သတ်မှတ်နိုင်ပါသေးတယ်လို့ သူတို့ကပြောပါတယ်။  ဇူလိုင်၁၉ရက်ကနေ ဩဂုတ် ၂၁ရက်အကြားမှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး အများစုကိုတော့ ဇူလိုင်လထဲမှာ တွေ့ခဲ့တာပါလို့ ကျန်းမာရေးဌာနက  သတင်းထုတ်ပြန်ပါတယ်။

 

အမေရိကန်ရဲ့ ကူးစက်ရောဂါဆိုင်ရာပညာရှင် ဒေါက်တာ အန်သော်နီဖော်ချီက ကိုလံဘီယာမှာ စတွေ့ခဲ့ရတဲ့ အဲဒီ မျူ ပိုးမျိုးကွဲကို ကျန်းမာရေးအရာရှိတွေ အနီးကပ်လေ့လာစောင့်ကြည့်နေတယ်လို့ ကြာသပတေးနေ့က ပြောကြားထားပါတယ်။

အဲဒီမျူ မျိုးကွဲဟာခုခံအားကနေ လွတ်ထွက်နိုင်တယ့် အခြေအနေရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောထားပါတယ်။

 

“ ဒီမျိုးဗီဇကွဲ မျူ ဟာ သန္ဓေပြောင်းအစုတစ်ခု ရှိနေပြီး အဲဒါက အချို့သော ခုခံပဋိပစ္စည်းကို ဖောက်ထွင်းဝင်ရောက် နိုင်တယ်လို့ သုံးသပ်ကြတယ်။ မိုနိုကလိုနယ်ခုခံပစ္စည်းတင်မကပဲ ကာကွယ်ဆေးကနေ ဖြစ်ပေါ်လာတဲ့ ခုခံပစ္စည်းတွေကိုပါ ဖောက်ထွင်းဝင်ရောက်နိုင်ဖွယ်ရှိတယ်။ ဒါက ဓာတ်ခွဲခန်းက သတင်းအချက်အလက်တွေပိုလိုဦးမယ်” လို့ ဒေါက်တာဖော်ချီက ပြောပါတယ်။

မျူကို ဒီနှစ်ဇန်နဝါရီမှာ ကိုလံဘီယာမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယခုဆို နိုင်ငံပေါင်း ၃၉နိုင်ငံမှာတွေ့နေပါပါပြီ။ ဝါရှင်တန်ပို့စ်ရဲ့ သတင်းအချက်အလက်တွေအရ အမေရိကန်နိုင်ငံမှာ မျူကူးစက်သူ ၂၀၀၀ခန့်ရှိခဲ့ပြီးပြီလို့ပြောပါတယ်။ အဲဒီအထဲမှာကာလီဖိုနီးယား၊ဖလော်ရီဒါ၊တက္ကဆပ်နှင့် နယူးယောက်တို့ပါဝင်ပါတယ်။ ကာလီဖိုနီးယားကတော့ ယခုထက်ထိ မျူကူးစက်မှု ၃၄၈ခုရှိခဲ့ပြီးပြီဲလို့ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပါတယ်။

 

Source:Deadline.com