Published 9 July 2022

ဂျပန်ပြည်သူတွေဟာ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကွယ်လွန်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရတဲ့ နာယာမြို့က နေရာမှာ စုဝေးရောက်ရှိလာကြပြီး လွမ်းသူ့ပန်းစည်းတွေ ချခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရဲ့ လူသိအများဆုံး နိုင်ငံရေးသမားဖြစ်တဲ့ သူဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ် သေနတ်သမားက သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုဖြစ်ပွားမှု နည်းပါးပြီး တင်းကြပ်တဲ့ လက်နက်ဥပဒေရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လို့  ယခုလို လုပ်ကြံသတ်ဖြတ်မှုဟာ တစ်ကမ္ဘာလုံးကို အံဩတုန်လှုပ်သွားစေခဲ့ပါတယ်။

Source: AFP