Published- 30 August 2021
စင်္ကာပူနိုင်ငံတွင် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကာကွယ်ဆေးအပြည့်ထိုးပြီးကြပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး အွန်ရီကွန်း က ဩဂုတ် ၂၉ရက်က ပြောကြားလိုက်တယ်လို့ စီအင်န်အေက သတင်းထုတ်ပြန်ပါတယ်။
 
ဒီမှတ်တိုင်ကို ကျော်ဖြတ်ခဲ့တဲ့ အဓိပ္ပါယ်ကတော့ စင်္ကာပူနိုင်ငံဟာ ကိုဗစ်-၁၉ဒဏ်ကို ပိုခံနိုင်အောင် ဆောင်ရွက်နေတဲ့ နောက်တစ်ဆင့်ကို တက်လှမ်းလိုက်တာပဲ လို့ သူကဖေ့စ်ဘုတ်ခ်မှာ ရေးသားခဲ့ပါတယ်။
 
“ ဒါဟာမြင်ကွင်းရဲ့နောက်ကွယ်က လူတော်တော်များများရဲ့ စုပေါင်းအားထုတ်မှုရဲ့ ရလဒ်ဖြစ်ပါတဘ်။ စင်္ကာပူပြည်သူတွေဟာ မိမိကိုယ်မိမိရဲ့ မိမိပတ်ဝန်းကျင်က လူတွေကိုရော စောင့်ရှောက်နေကြတာပဲဖြစ်တယ်” လို့ သူကပြောပါတယ်။
 
မစ္စတာအွန်းက အိမ်တိုင်ယာရောက် ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းကိုလည်း ခပ်သွက်သွက်ဆက်သွားနေပြီး လူပေါင်း ၄၃၀၀ ကျော် အိမ်တွေမှာ ကာကွယ်ဆေးထိုးပေးပြီးခဲ့ပြီလို့လည်း ပြောပါတယ်။
 
“တစ်ပတ်တစ်ပတ်ကို အိမ်လာထိုးပေးဖို့ မေတ္တာရပ်ခံကြသူတွေ ၇၀၀ လောက်ရှိနေကြတယ်။ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဆောင်ရွက်ကြတဲ့ လုပ်အားပေးဆရာဝန်နှင့်သူနာပြု ၂၀၀ကျော်နှင့် စင်္ကာပူစစ်တပ်ရဲ့ အကူ အညီတွေကို ကျေးဇူးတင်ပါတယ်။ အခုဆို အိမ်တိုင်ယာရောက် ကာကွယ်ဆေးထိုးတဲ့အဖွဲ့ ၁၁ဖွဲ့နေက ၃၃ဖွဲ့အထိ သုံးဆတိုးဆောင်ရွက်နေနိုင်ပါပြီ” လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
စနေနေ့တုန်းက စင်္ကာပူမှာ ကူးစက်မှုအသစ် ၁၁၃ခုရှိနေခဲ့ကြောင်း သိရပါတယ်။
Source: CNA