Published - 30 August 2021
အမေရိကန်တပ်သား ၁၃ဦးအပါအဝင် လူပေါင်း ၁၀၀ကျော် သေဆုံးခဲ့ရတဲ့ ကာဘူးတိုက်ခိုက်မှုအပြီးမှာ တာလီဘန်အထူးတပ်ဖွဲ့ဟာ ကာဘူးမြို့ရဲ့လမ်းတွေပေါ် စောင့်ကြပ်စစ်ဆေးမှုတွေ လုပ်နေကြပါတယ်။ အမေရိကန်ရဲ့ လေကြောင်းဖြင့် ကယ်ထုတ်ရေးအစီအစဉ်တွေ နောက်ဆုံးအဆင့်ရောက်နေပြီး နောက်ထပ်အသေခံဗုံးခွဲမှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကြောင့် လုံခြုံရေးကို အထူးတင်းကြပ်နေကြရတာဖြစ်ပါတယ်။