Published: 29 August 2021

ဂျပန်နိုင်ငံ အိုကီနာဝါဒေသတွင် ဩဂုတ် ၂၉ ရက်က မိုဒါနာ ကိုဗစ်ကာကွယ်ဆေးတွေမှာ နောက်ထပ်မသန့်ရှင်းမှုများတွေ့ရှိရတဲ့အတွက် အသုံးပြုမှုကို ထပ်မံပြီးရပ်ဆိုင်းလိုက်ရပါတယ်လို့ ဒေသဆိုင်ရာအစိုးရက ပြောပါတယ်။

ပြီးခဲ့တဲ့ မသန့်ရှင်းတဲ့ မိုဒါနာကာကွယ်ဆေး အသုတ်တွေထဲက ဆေးတွေကို ထိုးမိခဲ့တဲ့ အမျိုးသားနှစ်ဦး သေဆုံးမှုကို စစ်ဆေးနေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာအပြီးမှာ အခုလို မသန့်ရှင်းတဲ့ ကာကွယ်ဆေးနောက်တစ်သုတ် ထပ်တွေ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားနစ်ဦးသေဆုံးရတဲ့အကြောင်းရင်းကိုတော့ သေသေချာချာမသိကြရသေးပါဘူး။

ဂျပန်တောင်ပိုင်း အိုကီနာဝါစီရင်စုမှာ တနင်္ဂနွေနေ့ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေကို တစ်ပိုင်းတစ်စ ရပ်ဆိုင်းခဲ့ရပါတယ်။ “  အချို့သောပုလင်းတွေမှာ ပြင်ပအရာဝတ္ထုအချို့ ကို မိုဒါနားကာကွယ်ဆေးထဲမှာ ရှာတွေ့ရလို့ အဲဒီကာကွယ်ဆေးသုံးစွဲတာကို ရပ်ဆိုင်းထားပါတယ်” လို့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

စနေနေ့တုန်းက ထပ်တွေ့ရတဲ့ အသုတ်ဟာ  လူနှစ်ယောက်သေဆုံးခဲ့လို့ ရပ်ဆိုင်းခဲ့တဲ့ ၁.၆၃သန်းနှင့် မတူပါဘူးလို့ ဒေသဆိုင်ရာ မီဒီယာကသတင်းရေးသားပါတယ်။

အသက်၃၀နှင့် ၃၈ အရွယ်ရှိ အမျိုးသားနှစ်ဦးဟာ ဩဂုတ်လဆန်းပိုင်းက အဲဒီမိုဒါနာဆေးတွေကို ဒုတိယအကြိမ်ထိုးနှံအပြီးမှာ သေဆုံးခဲ့ရတာကြောင့် အဲဒီကာကွယ်ဆေးတွေ ဆက်မထိုးဖို့ ရပ်ပစ်ခဲ့ရတာပါ။

အဲဒီမိုဒါနာကာကွယ်ဆေးတွေကို ဥရောပစက်ရုံတွေမှာ ကန်ထရိုက်တာတွေက ထုတ်လုပ်ခဲ့ကြတာဖြစ်ပြီး ဘယ်လိုအနည်အမှုန်တွေလဲဆိုတာတော့ အခုထက်ထိ မသိရသေးပါဘူးလို့ရိုက်တာကရေးသားထားပါတယ်။

Source: Reuters