Published - 28 August 2021
ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရက်တီပက်တဲလ်ဟာ ကာဘူးကနေ ကယ်ထုတ်လာခဲ့တဲ့
သူတွေ ဆိုက်ရောက်လာတဲ့ ဟီသရူးလေဆိပ်ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန်ဟာ အခုဆို လူပေါင်း ၆၀၀၀ ကျော်ကို ကယ်ထုတ်ပြီးပါပြီ။ လူအများစုဟာ ပင်ပန်းနွမ်းနယ်နေကြတယ်။ဒါပေမယ့် သူတို့ ဒီကိုရောက်လာရတာ ကျေနပ်နေကြပါတယ် လို့ ဟီသရူးနယ်စပ်တပ်အရာရှိတွေရဲ့ အကြီးအကဲက ပြောပါတယ်။