Published - 26 August 2021

တာလီဘန်ဆန့်ကျင်ရေးတပ်ဖွဲ့ တွေဟာ ကာဘူးမြို့ မြောက်ဖက် ပန်ရှီယာပြည်နယ်အတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြတယ်လို့ အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။ တာလီဘန်ဆန့်ကျင်ရေးစစ်ဝန်ထမ်းတပ်တွေနှင့် ယခင် အာဖဂန်လုံခြုံရေး စစ်တပ်တွေပေါင်းထားတာဖြစ်ပြီး တာလီဘန်အုပ်ချုပ်မှုကို ခုခံဖို့ သူတို့က ဆုံးဖြတ်ထားကြပါတယ်။