Published 26 August 2021
ဂျပန်နိုင်ငံက မိုဒါနာကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁.၆၃ သန်းကို ထိုးနှံဖို့ရပ်နားလိုက်ပါတယ်။ အဲဒီကာကွယ်ဆေး အစုအတွဲတော်တော်များများ မသန့်မပြန့်ဖြစ်နေတယ်ဆိုတဲ့ သတင်ပေးပို့တာတွေကြောင့် အခုလိုရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ဆေးဝါးထုတ်လုပ်တဲ့ တာကာဒါးကုမ္ပဏီနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ဩဂုတ် ၁၆ရက်နေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
 
ဂျပန်နိုင်ငံမှာ မိုဒါနားကာကွယ်ဆေးကို ရောင်းချဖြန့်ဖြူးရာမှာ ကြီးကြပ်နေတဲ့ တာကာဒါးက “
မဖွင့်ရသေးတဲ့ အဲဒီကာကွယ်ဆေးပုလင်းတွေထဲမှာ ပြင်ပအရာဝတ္ထုတွေ တွေ့ရတယ်လို့ ကာကွယ်ဆေးထိုးစင်တာ တော်တော်များများကနေ သတင်းပေးပို့တာတွေ ရရှိခဲ့ပါတယ်” လို့ပြောပါတယ်။
 
ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်ပင်ပြီးတဲ့အခါ အဲဒီကာကွယ်ဆေးအစုအတွဲကြီးထဲက ကာကွယ်ဆေးတွေသုံးတာကို ဩဂုတ် ၂၆ရက်ကစတင်ပြီး ရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်လို့ ဆက်ပြောပါတယ်။
 
မိုဒါနာကုမ္ပဏီကို အလျင်အမြန်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တာကာဒါးက အကြောင်းကြားထားပါတယ်။
 
မိုဒါနားကတော့ အဲဒီကိစ္စနှင့်ပတ်သက်လို့ ဘာတစ်ခုမှချက်ခြင်းမှတ်ချက်မပေးသေးပါဘူး။
မသန့်မရှင်းဖြစ်ရတဲ့ အကြောင်းကိစ္စ အသေးစိတ်ကို တာကာဒါးက ထုတ်မပြောသေးပေမယ့် သက်ရောက်မှုရှိခဲ့တဲ့ အဲဒီဆေးတွေကြောင့် ကျန်းမာရေးနှင့်ပတ်သက်လို့ စိတ်ပူပန်စရာကိစ္စတွေ အခုထက်ထိ မရှိသေးဘူးလို့ပြောပါတယ်။
 
ကာကွယ်ဆေးထိုးတာတွေ ပြတ်တောက်မသွားအောင် အစားထိုးကာကွယ်ဆေးတွေရရှိဖို့ တာကာဒါးနှင့် ပြောဆိုနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
 
ဂျပန်နိုင်ငံမှာ လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်း ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်ပါတယ်။ဒါပေမယ့် ကူးစက်မြန်ြ ဒယ်လ်တာကြောင့် ကူးစက်မှုတွေ မြင့်တက်နေတုန်းပဲဖြစ်ပါတယ်။
ကပ်ဘေးကာလအတွင်း လူပေါင်း၁၅၅၀၀ ဦး ဂျပန်မှာ ကိုဗစ်ကြောင့် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ဂျပန်ရဲ့ အကြီးဆုံး အစိတ်အပိုင်းနေရာတွေဟာ ဗိုင်းရပ်စ်ကြောင့် အကန့်အသတ်အောက်မှာရှိနေဆဲပါ လို့သိရပါတယ်။
Source CNA