Published-26 August 2021
ရုရှားက တရုတ်၊အိန္ဒိယ၊ဥဇဘက်ကစ္စတန်နိုင်ငံတွေနှင့် အချို့နိုင်ငံတွေနှင့် “စစ်တပ် ၂၀၂၁” လို့အမည်ပေးထားတဲ့ နိုင်ငံတကာ စစ်ရေးနည်းပညာဖိုရမ်ကြီးမှာ ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရုရှားရဲ့ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်လုပ်ငန်းရဲ့ ညွှန်ကြားရေးမှူး ဒီမစ်ထရီ ရှုဂေယေ့ဗ်က ဗုဒ္ဓဟူးနေ့(ဩဂုတ် ၂၅)မှာ ပြောပါတယ်လို့ တာစ်သတင်းဌာနက သတင်းဖော်ပြပါတယ်။
 
“ သဘောတူခဲ့တဲ့ စုစုပေါင်းကန်ထရိုက်စာချုပ်တန်ဖိုးဟာ ဒေါ်လာ ၂ဘီလျံကျော်ရှိပါတယ်။အဲဒီအထဲမှာ seaborne hardware နှင့်ပတ်သက်ပြီး တရုတ်၊ land forces ကိရိယာတွေနှင့်ပတ်သက်ပြီး အိန္ဒိယ၊ပြီးတော့ အာမေးနီးယား၊ဥဇဘက်ကစ္စတန်၊မြန်မာနှင့် ဘီလာရုတို့ဖြစ်ကြပါတယ်” လို့ ရုရှားရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲက ပြောပါတယ်။
 
ရုရှားရဲ့ နိုင်ငံပိုင် လက်နက်ရောင်းကုမ္ပဏီဖြစ်တဲ့ ရိုဆိုဘိုရွန်အိစ်ပို့တ် က နိုင်ငံတကာစစ်ရေးနည်းပညာ ဖိုရမ်(စစ်တပ်-၂၀၂၁) ယူရို၂ဘီလျံတန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေရောင်းချခဲ့ရတယ်လို့ ဗုဒ္ဓဟူးနေ့စောစောပိုင်းမှာ ပြောခဲ့ပါတယ်။
အဲဒီဖိုရမ်ကို ဩဂုတ် ၂၂မှ ၂၈အထိ မော်စကိုမြို့အပြင်ဘက်က ပက်ထရီရော့တ်ကွန်ဂရက်နှင့်ပြခန်းစင်တာမှာ ကျင်းပနေတာ ဖြစ်ပါတယ်။
Source: Tass