တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ အာဖဂန်လူမျိုးတွေအပါအဝင် ရာပေါင်းများစွာသော လူတွေဟာ ဆန္ဒပြကြပြီး တာလီဘန်တွေ အာဖဂန်ကို သိမ်းပိုက်ပြီး တစ်ပတ်အကြာမှာ ခြိမ်းခြောက်ခံနေကြရတဲ့ အာဖဂန်က မိသားစုတွေကို ချက်ခြင်းကယ်ထုတ်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။