Published-23 August 2021
ဖိလစ်ပိုင်နိုင်ငံက ရုရှားရဲ့ စပွတ်နစ်လိုက် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုလိုက်တယ်လို့ ဖိလစ်ပိုင်ရဲ့ ကာကွယ်ဆေးဝယ်ယူရေးအကြီးအကဲက ဩဂုတ် ၂၃ရက်က ပြောပါတယ်။
 
ဒါဟာ တစ်ကြိမ်သာထိုးရဲ့ အဲဒီရုရှားကာကွယ်ဆေးကို ပထမဆုံးခွင့်ပြုလိုက်တဲ့ အာရှနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်သွားပါတယ်လို့ အေအက်ဖ်ပီက သတင်းရေးသားလိုက်ပါတယ်။
ဖိလစ်ပိုင် အစားအသောက်နှင့်ဆေးဝါးဌာနက ခွင့်ပြလိုက်တာဖြစ်ပြီး ဆေးလုံးပေါင်း၁၀သန်းမှာယူမယ်လို့ အစိုးရရဲ့ ကာကွယ်ရေးဝယ်ယူရေးကို ခေါင်းဆောင်နေတဲ့ အငြိမ်းစားဗိုလ်ချူပ်ကြီး ကာလီတို ဂါးဗက်ဇ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
 
ကာကွယ်ဆေးထုတ်လုပ်သူတွေအနေနှင့် စက်တင်ဘာနှင့် အောက်တိုဘာလတွေမှာ ကာကွယ်ဆေးပေးပို့မှု တိုးမြှင့်နိုင်လိမ့်မယ်လို့ အစိုးရက မျှော်လင့်နေတယ်လို့လည်း ဂါးဗက်ဇ်က ပြောပါတယ်။
 
ရုရှားရဲ့ ဂါမာလီယာအင်စတီကျုက ထုတ်လုပ်တဲ့ အဲဒီစပွတ်နစ်လိုက် ကာကွယ်ဆေးကို မွန်ဂိုလီယားနှင့် ကာဇက်စတန် နိုင်ငံတွေမှာ ခွင့်ပြုထားပြီးဖြစ်ပါတယ်။
စပွတ်နစ်ခ်လိုက်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကိုးခုမြောက်ခွင့်ပြုခဲ့တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ အရင်ကခွင့်ပြုခဲ့တာတွေမှာ ဖိုက်ဇာ၊မိုဒါနာ၊ဂျွန်ဆင်အင်န်ဂျွန်ဆင်နှင့်တရုတ်ရဲ့ ဆိုင်နိုဗက်နှင့် ဆိုင်နိုဖမ်တို့ပါဝင်ပါတယ်။
 
ကာကွယ်ဆေးများများထိုးနိုင်ဖို့က ဖိလစ်ပိုင်စီးပွားရေး ပြန်လည်နာလံထူဖို့ အဓိကအချက်တစ်ခုဖြစ်တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောဆိုနေကြပါတယ်။ ဖိလစ်ပိုင်ဟာ ကပ်ဘေးမတိုင်ခင်က အာရှရဲ့ အလျင်အမြန်တိုးတက်နေတဲ့ စီးပွားရေးနိုင်ငံတွေထဲက တစ်ခုဖြစ်ပေမယ့် ကပ်ဘေးကြောင့် ၂၀၂မှာ၉.၆ ရာခိုင်နှုန်းကျုံ့သွားခဲ့ရပါတယ်။
ဖိလစ်ပိုင်မှာ ယခုထက်ထိ ၁၇.၂၆ သန်းအထိ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပါတယ်။ ကူးစက်မြန် ဒယ်လ်တာ မျိုးဗီဇကွဲကြောင့် ဖိလစ်ပိုင်လူဦးရေ သန်း၁၁၀ဟာ ခုခံမှုအားနည်းနေခဲ့ရပါတယ်။
 
Source: AFP