Published 23 August 2021
အက်ပဲလ် ပူးတွဲတည်ထောင်တဲ့ စတိဂျောဗ် လက်မှတ်ထိုးထားတဲ့ ၁၉၈၀ခုနှစ်က အက်ပဲလ်တူး ကွန်ပျူတာ လမ်းညွှန်စာအုပ်ကို ဘော့စတွန်အခြေစိုက် လေလံကုမ္ပဏီတစ်ခုက ဒေါ်လာ၇၈၇၄၈၄ နှင့်ရောင်းချလိုက်ရပါတယ်လို့ ကြေညာပါတယ်။
 
စာမျက်နှာ၁၉၆ မျက်နှာပါတဲ့ အဲဒီ လမ်းညွှန်စာအုပ်ကလေးထဲမှာ အက်ပဲလ်တူးကွန်ပျူတာအတွက် နည်းပညာဆိုင်ရာ သတ်မှတ်ချက်တွေနှင့် အသုံးပြုပုံလမ်းညွှန်တွေ ပါရှိပြီး စတိဂျော့ဗ်နှင့် အက်ပဲလ်ရဲ့ ဒုတိယစီအီးအို မိုက် မာ့ခ်ကူလာ တို့ ၁၉၈၀ခုနှစ်က လက်မှတ်ရေးထိုးထားခဲ့တာဖြစ်တယ်လို့ အာရ်အာရင်လေလံကုမ္ပဏီကပြောပါတယ်။
“ဂျူလီယန်၊ မင်းတို့မျိုးဆက်ဟာ ကွန်ပျူတာတွေနှင့် ပထမဆုံး ကြီးပြင်းလာကြမယ့် မျိုးဆက်ဖြစ်တယ်။ ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်ပါ” လို့ စာအုပ်ရဲ့အတွင်းမျက်နှာဖုံးပေါ်မှာ ဂျော့ဗ်က လက်ရေးနှင့်ရေးသားထားပါတယ်။
 
အဲဒီစာထဲက ဂျူလီယန်ဆိုတာ မိုက်ဘရီဝါရဲ့ သား ဂျူလီယန်ဘရီဝါဖြစ်ပါတယ်။ မိုက်ဘရီဝါဟာ ဗြိတိန်မှာ အက်ပဲလ် ထုတ်ကုန်တွေကို တစ်ဦးတည်း မူပိုင်ဖြန့်ချိခွင့်ညှိနှိုင်းဆွေးနွေးခဲ့သူဖြစ်ပါတယ်။ သူဟာ နောက်ပိုင်းမှာ အက်ပဲလ် ယူကေရဲ့ ပထမဆုံး မန်းနေဂျင်းဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။
 
“ ကျွန်တော့်အိပ်ခန်းထဲမှာ အက်ပဲလ်တူးနှင့် ဂိမ်းတွေရေးနေတုန်း အဖေက ဧည့်သည်တွေနှင့်တွေ့ဖို့ အောက်ဆင်းလာ လို့ လှမ်းခေါ်တယ်” လို့ အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ ဂျုလီယန်ဘရီဝါက အာရ်အာရ် လေလံ ကိုပြောပါတယ်။
 
“ စတိဗ်ဂျော့နှင့် မိုက်မာ့ခ်ကူလာတို့ကို ကျွန်တော်တွေ့လိုက်ရတဲ့ အခါ အံအားတသင့်ဖြစ်သွားရတယ်။ ကျွန်တော် အဲဒီလမ်းညွှန်စာအုပ်ကလေးရလိုက်တယ်။ နောက်မှနားလည်လိုက်တာက တစ်ခုခုအပေါ်မှာ ဂျော့ဗ်လက်မှတ်နှင့်ရဖို့ ဆိုတာ အတော်ဖြစ်တောင့်ဖြစ်ခဲဆိုတာ” လို့သူကပြောပါတယ်။
 
အဲဒီစာအုပ်ကို လေလံအောင်သွားသူက အင်ဒီယာနာပူလစ်ကော့တ် အသင်းပိုင်ရှင် ဂျင်းမ်အိုက်ဆေးဖြစ်တယ်လို့ အာရ်အာရ် ကပြောပါတယ်”
Source: PCMeg