Published 10 April 2022

အီရန်အနေဖြင့် အခြားနိုင်ငံများက သဘောတူတူ မတူတူ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အီရန်သမ္မတ အီဗရာဟင် ရိုင်စီက ပြောကြားလိုက်ပါတယ်။

ဧပြီ(၉)ရက်က အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်းရဲ့ အမျိူးသားနျူကလီးယားနည်းပညာနေ့ရဲ့ ၁၆ကြိမ်မြောက်အခမ်းအနားနှင့်အတူကျင်းပတဲ့ နိုင်ငံရဲ့နျူကလီးယားစက်မှုလုပ်ငန်းပြပွဲကို တက်ရောက်ရင်း အီရန်သမ္မတရိုင်စီက ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ သူဟာ အီရန်ရဲ့ နျူကလီးယားအောင်မြင်မှုအသစ်(၇)ခုကိုလည်း ထုတ်ဖော်ခဲ့တယ်လို့  အီရန်သမ္မတ ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရသိရပါတယ်။

သူက နျူကလီယားကို ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် အီရန်ရဲ့ အခွင့်အရေးကို အလေးပေးပြောဆိုခဲ့ပြီး အီရန်ဟာ အဲဒီနယ်ပယ်မှာ သုတေသနနှင့်လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ပြောခဲ့ပါတယ်။

Source CMG