Published 10 April 2022

တောင်ကိုရီးယားနိုင်ငံသားတွေဟာ ဆိုးလ်မြို့တော်က ဘူဂွမ်ချီယွမ်ချောင်းကို စနေနေ့က သွားရောက်လည်ပတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာတစ်ဝိုက်မှာ ချယ်ရီတွေဟာ ဝေနေအောင် အပြည့်အဝဖူးပွင့်နေလို့ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ကူးစက်မှုတွေမြင့်မားနေပေမယ့် ကန့်သတ်ချက်တွေဖြေလျော့ပေးလိုက်တာကြောင့် လည်ပတ်သူတွေ များပြားနေပါတယ်။

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တစ်နှစ်တစ်ကြိမ် ဘူဂွမ်ချီယွမ်ချောင်းမှာ ကျင်းပတဲ့ ချယ်ရီပွင့်ချိန်ပွဲတော်ကို ဖျက်သိမ်းခဲ့တာ (၂)နှစ်ရှိခဲ့တာဖြစ်ပါတယ်။

Source AFP