Published 24 March 2022

တရုတ်ပြည်တွင်းထုတ် J-10C ဂျက်တိုက်လေယာဉ်တွေဟာ မတ်လ(၂၄)ရက်မှာ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ်မာဘတ်မှာ  ကျင်းပတဲ့ ၈၂ကြိမ်မြောက် ပါကစ္စတန်နေ့ စစ်ရေးပြအခမ်းအနားမှာ ပါှဝင်ပျံသန်းပြသခဲ့ပါတယ်။

အဲဒီစစ်ရေးပြအခမ်းအနားမှာ စစ်လက်နက်ကိရိယာတွေနှင့် အလှပြယာဉ်တွေကနေ  စစ်အင်အားနှင့် ယဉ်ကျေးမှုတို့ကို ပြသတာဖြစ်ပါတယ်။

စစ်ရေးပြအခမ်းအနားကို ပါကစ္စတန်ဝန်ကြီးချုပ် အာမန်ခန်၊သမ္မတ အာရစ်အယ်လ်ဗီနှင့် စစ်တပ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

သူတို့အပြင် ပါကစ္စတန်မှာ OIC အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ ၄၈ကြိမ်မြောက် အစည်းအဝေး  တက်ရောက်လာကြတဲ့ နိုင်ငံပေါင်း၅၇နိုင်ငံက ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားတဲ့ အတွက် တက်ရောက်လာကြပါတယ်။

အဲဒီစစ်ရေးပြအခမ်းအနားမှာ စစ်ရေးစွမ်းရည်ပြသကြတဲ့အထဲမှာ တရုတ်ပြည်တွင်းထုတ် J-10C  တိုက်လေယာဉ်တွေကို ထည့်သွင်း ပျံသန်းပြသခဲ့တာဖြစ်ပါတယ်။ အခမ်းအနားတက်ရောက်လာတဲ့ ဇာကစ်အယ်လ်အိုင်ဂျက်စ်က “အခုမှ ပထမမဆုံး တရုတ်တိုက်လေယာဉ်တွေမြင်ဖူးတာဖြစ်တယ်လို့ပြောပါတယ်။ သူမရဲ့သမီးကတော့ တရုတ်နှင့် ပါကစ္စတန်နိုင်ငံဟာ အလွန်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တယ်လို့ ပြောပါတယ်။

Source CMG