အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူ့အနေနဲ့ အမေရိကန်ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းတွေကို မြှင့်တင်သွားမယ်လို့ သူ့အစီအစဉ်ကို ခုခံပြောဆိုသွားပါတယ်။ သူဟာ ပန်ဆိုင်ဗေးနီးယားမှာရှိတဲ့ မက်ထရပ်ကားစက်ရုံကို သွားရောက် လည်ပတ်စဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။