အစ္စရေးနိုင်ငံက အသက်၆၀အထက်လူကြီးတွေအတွက် တတိယမြောက်ကာကွယ်ဆေးထိုးနှံပေးမယ့် အစီအစဉ်ကို စတင်လိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘင်နက်က ကြာသပတေးနေ့မှာ အဲသလိုစတင်မယ့်အကြောင်း ရုပ်မြင်သံကြားကနေ အသံလွှင့်ပြောကြားခဲ့တဲ့အကြောင်း ရုပ်သံသတင်းမှာတင်ဆက်ထားပါတယ်။