Published 27 January 2022

မကြာမီရောက်ရှိလာတော့မယ့် Valentine's Day ချစ်သူများနေ့မတိုင်ခင် ကိုလံဘီယာနိုင်ငံရဲ့ ပန်းလုပ်ငန်းတွေဟာ အင်အား အပြည့်နှင့် ကြိုတင်ပြင်ဆင်နေကြပါတယ်။ အယ်လ်ရိုဆဲလ်မြို့မှာရှိတဲ့ ပန်းကုမ္ပဏီတစ်ခုက လုပ်သားတွေဟာ နှင်းဆီပန်းတွေကို ဖြတ်တောက် ထုတ်ပိုးတာတွေနှင့် အလုပ်များနေကြတာကိုတွေ့ရပါတယ်။ ကိုလံဘီယာက ပန်းပေါင်း သန်း၆၅၀ခန့်ကို နိုင်ငံခြားဈေးကွက်တွေကိုတင်ပို့ရောင်းချနေကြရပြီး အများစုဟာ နှင်းဆီပန်းတွေဖြစ်တယ်လို့ ကိုလံဘီယာပန်းတင်ပို့သူများ အသင်းဥက္ကဋ္ဌ ဩဂတ်စတိုဆိုလန်နိုကပြောပါတယ်။

Source AFP