#WorldHealth
Published - 26 January 2022


အလွန်ငယ်ရွယ်သေးတဲ့ကလေးတွေမှာ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းက ဒယ်လ်တာမျိုးဗီဇကွဲကူးစက်ခံရခြင်းလောက် ရောဂါပြင်းထန်ခြင်းမရှိကြောင်း လေ့လာတွေ့ရှိချက်အသစ်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားမှုရဲ့ ၉၀ ရာခိုင်နှုန်းကျော်က အိုမီခရွန်ကူးစက်မှုဖြစ်ခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဇန်နဝါရီအစောပိုင်းတို့က ကူးစက်ခဲ့တဲ့ကလေးငယ် ၇,၂၀၁ ဦးအပါအဝင် ပထမဆုံးအကြိမ်ကူးစက်ခဲ့တဲ့ အမေရိကန်မှ အသက် ၅ နှစ်အောက်ကလေးငယ် ၈ သောင်းနီးပါးတို့ရဲ့ အချက်အလက်တွေကို သုတေသီတို့က လေ့လာခဲ့ကြပါတယ်။

ကျန်းမာရေးအခြေအနေတွေနဲ့ လူမှုစီးပွားရေးအခြေအနေများ အပါအဝင် ရောဂါဆိုးရွားစေနိုင်တဲ့ အခြားအချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီးနောက် အိုမီခရွန်ကူးစက်နှုန်းမြင့်တက်ခဲ့ချိန်မှာ ရောဂါကူးစက်ခဲ့တဲ့ကလေးငယ်တွေဟာ ဒယ်လ်တာကူးစက်မှုထက် အရေးပေါ်ဌာနထံပို့ဆောင်မှုနှုန်း ၂၉ ရာခိုင်နှုန်း၊ ဆေးရုံတက်ရောက်ကုသခံယူမှု ၆၇ ရာခိုင်နှုန်း၊ အထူးကြပ်မတ်ကုသခံယူမှု ၆၈ ရာခိုင်နှုန်း၊ စက်ပစ္စည်းကိရိယာဖြင့် အသက်ရှူရမှု ၇၁ ရာခိုင်နှုန်း အသီးသီးလျော့နည်းခဲ့ပါတယ်။

ဒါပေမဲ့လည်း အိုမီခရွန်မျိုးဗီဇကွဲက ကူးစက်မှုနှုန်းလျင်မြန်တာကြောင့် ကလေးငယ်တွေရဲ့ အိုမီခရွန်ကူးစက်မှုတွေမှာ အရေးပေါ်ဌာထံသွားရောက်ရမှု၊ ဆေးရုံတက်ကုသခံယူရမှု၊ အထူးကြပ်မတ်ကုသခံယူမှု၊ အသက်ရှူကိရိယာလိုအပ်မှုတို့ကို စုစုပေါင်းအရေအတွက်ဖြင့် ခြုံကြည့်လိုက်ရင်တော့ ဒယ်လ်တာထက် ပိုများနေဆဲဖြစ်ကြောင်း medRxiv ဝက်ဘ်ဆိုက်မှာ တင်ပြထားတဲ့ သတင်းတွေအရ သိရှိရပါတယ်။
Source: Reuters