WorldHealth
Published - 26 January 2022


ယခုလက်ရှိ ကူးစက်နှုန်းမြင့်မားနေတဲ့ အိုမီခရွန်မျိုးဗီဇကွဲရဲ့ မျိုးနွယ်ခွဲတစ်ခုကို UK Health Security Agency က လေ့လာစစ်ဆေးနေတဲ့ မျိုးဗီဇကွဲတစ်ခုအဖြစ် သတ်မှတ်လိုက်ပါတယ်။

BA.2 အိုမီခရွန်မျိုးနွယ်ခွဲဟာ နဂိုမူလအိုမီခရွန်နဲ့ သန္ဓေပြောင်းလဲမှုကွာခြားခြင်းမရှိဘဲ ဒယ်လ်တာမျိုးဗီဇကွဲနဲ့ အလွယ်တကူခွဲခြားသိရှိနိုင်ပါတယ်။BA.2 ကို စစ်ဆေးလေ့လာနေဆဲဖြစ်ပြီး စိုးရိမ်ရတဲ့မျိုးဗီဇကွဲမဟုတ်ကြောင်း သတ်မှတ်ထားပါတယ်။

"ဗိုင်းရပ်စ်ဆိုတာက ဆင့်ကဲပြောင်းလဲတဲ့သဘာဝရှိတာကြောင့် နောက်ထပ်မျိုးဗီဇကွဲအသစ်တွေ ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်" လို့ UK Health Security Agency(UKHSA) မှ ညွှန်ကြားရေးမှူး ဒေါက်တာ'မီရာချန်'က ဆိုပါတယ်။

"မျိုးနွယ်ခွဲအသစ်တွေကို ကျွန်မတို့ရဲ့ မျိုးရိုးဗီဇစောင့်ကြည့်ရေးစနစ်နဲ့ ရှာဖွေနိုင်ပြီး စိုးရိမ်ရဖွယ်ရှိမရှိ အကဲဖြတ်နိုင်မှာဖြစ်ပါတယ်"ဗြိတိန်မှာ BA.2 မျိုးရိုးခွဲကူးစက်မှုပေါင်း ၄၂၆ ခုကို စစ်ဆေးလေ့လာခဲ့ပြီး ဗိုင်းရပ်စ်ဗီဇ သိသိသာသာပြောင်းလဲမှုရှိမရှိ မရေရာသေးကြောင်း UKHSA က ပြောကြားလိုက်ပါတယ်။
BA.2 မျိုးနွယ်ခွဲဟာ မူလအိုမီခရွန်မျိုးဗီဇကွဲ BA.1 နဲ့နှိုင်းယှဉ်ရင် ကြီးထွားမှုနှုန်းလျင်မြန်ကြောင်း အစောပိုင်းလေ့လာချက်အရ ယူဆထားပါတယ်။

BA.2 အိုမီခရွန်မျိုးနွယ်ခွဲကို နိုင်ငံပေါင်း ၄၀ မှာတွေ့ရှိခဲ့ရာ ဒိန်းမတ်နိုင်ငံမှာ အများဆုံးတွေ့ရှိရပြီး သူ့နောက်မှာ အိန္ဒိယ၊ ဗြိတိန်၊ ဆွီဒင်၊ စင်္ကာပူတို့က အစဉ်လိုက်ရှိနေကြပါတယ်။ဒိန်းမတ်နိုင်ငံမှာ BA.2 က လျင်မြန်စွာကြီးထွားလာကာ ၂၀၂၁ နောက်ဆုံးအပတ်က ကိုဗစ်ရောဂါဖြစ်ပွားမှုတွေရဲ့ ၂၀ ရာခိုင်နှုန်းက BA.2 မျိုးရိုးခွဲကြောင့်ဖြစ်ပြီး ၂၀၂၂ ဒုတိယအပတ်မှာ ၄၅ ရာခိုင်နှုန်းအထိ များလာခဲ့ပါတယ်။

စတေတန်ဆီရမ်အင်စတီကျု(SSI)မှ အန်ဒါစ်ဖောမ်စ်ဂါ့ဒ်က အဆိုပါမျိုးနွယ်ခွဲ လျင်မြန်စွာကြီးထွားလာရခြင်းကို သေချာမရှင်းပြနိုင်ပေမယ့် စိတ်ပူစရာမလိုကြောင်း ပြောပါတယ်။လူတွေရဲ့ ရောဂါခုခံအားကို ခံနိုင်ရည်ရှိတဲ့အတွက် ကူးစက်မှုများလာတာဖြစ်ကြောင်း သတင်းထုတ်လွှင့်ဌာန TV2 ကို ရှင်းပြသွားပါတယ်။
မူလအိုမီခရွန် BA.1 ကူးစက်ဖူးတဲ့သူတွေက BA.2 မျိုးရိုးခွဲကိုလည်း ကာကွယ်နိုင်မှာမဟုတ်ကြောင်း ဖြည့်သွင်းပြောဆိုသွားပါတယ်။

"ဒီတစ်ခေါက်ကပ်ရောဂါက ကူးစက်မှုလှိုင်း ၂ ကြိမ်ဖြစ်ပေါ်လာနိုင်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်"SSI မှတင်ပြခဲ့တဲ့ အစောပိုင်းလေ့လာသုံးသပ်ချက်အရ ဆေးရုံတက်ကုသခံယူမှုနဲ့ ပတ်သက်ပြီး BA.2 နဲ့ BA.1 တို့ကြား ကွာခြားခြင်းမရှိခဲ့ပါဘူး။
Source: The Jerusalem Post