#WorldHealth
Published - 22 January 2022‌


ကိုဗစ်နာတာရှည်လက္ခဏာတွေ မတွေ့ရှိရတဲ့အပြင် ကိုဗစ်ရောဂါအပျော့စားသာ ခံစားခဲ့ရသူတွေဟာရောဂါကူးစက်ခံရပြီး ၆ လမှ ၉ လအထိ အာရုံစူးစိုက်မှုချို့ယွင်းခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ ခံစားရနိုင်သေးကြောင်း ဗြိတိန် အောက်စ်ဖို့ဒ်တက္ကသိုလ်မှ လေ့လာစမ်းသပ်ချက်မှာ တွေ့ရှိရပါတယ်။

မေ့လျော့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့နဲ့အတူ အာရုံစူးစိုက်မှုတို့ကို ထိခိုက်နိုင်တဲ့ အာရုံကြောဆိုင်ရာပြဿနာတွေဟာ ကိုဗစ်နာတာရှည်လက္ခဏာဖြစ်နိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ရောဂါကူးစက်ပြီးနောက် အာရုံစူးစိုက်မှုချို့ယွင်းမှုပြဿနာက ဘယ်လောက်အထိ ပျံ့နှံ့နေနိုင်သလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။
လေ့လာစမ်းသပ်ချက်မှာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာမခံစားရတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေကို မှတ်ဉာဏ်နဲ့ သိရှိမှုစွမ်းရည် စစ်ဆေးတဲ့လေ့ကျင့်ခန်းတွေကို ပြီးမြောက်အောင် ပြုလုပ်ခိုင်းခဲ့ပါတယ်။

စမ်းသပ်ခံတဲ့သူတွေဟာ ရောဂါကူးစက်ပြီး ၆ လအထိ မှတ်ဉာဏ်အပိုင်းအကန့်တွေနဲ့ရှိနေတဲ့ ကိုယ်တွေ့အဖြစ်အပျက်တွေကို ပြန်ပြောင်းစဉ်းစားရာမှာ သိသိသာသာ အခြေအနေဆိုးရွားနေခဲ့ပါတယ်။

"ရောဂါစမ်းသပ်တုန်းက ရောဂါလက္ခဏာတွေ မခံစားခဲ့ရသူတွေဟာ မှတ်ဉာဏ်နဲ့အာရုံစူးစိုက်မှုအပိုင်းတွေမှာ စွမ်းရည်ကျဆင်းလာတာကို တွေ့ရပါတယ်" လို့ အောက်စ်ဖိုဒ်တက္ကသိုလ် စိတ်ကျန်းမာရေးစမ်းသပ်ဌာနမှ ဒေါက်တာဆီကျာဂျောင်က ပြောပါတယ်။

"တွေ့ရှိချက်တွေအရ နာတာရှည်အသိဉာဏ်ချို့ယွင်းမှုကို လပိုင်းလောက်အထိ ခံစားရနိုင်ပါတယ်" လို့ ဆိုပါတယ်။မှတ်ဉာဏ်အပိုင်းအကန့်နဲ့ အာရုံစူးစိုက်မှုချိုယွင်းမှုတွေက ၆ လမှ ၉ လကျော်တဲ့အခါမှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်လာပါတယ်။

အဲဒီနောက် စမ်းသပ်ခံသူ ၁၃၆ ဦးဟာ မှတ်ဉာဏ်နဲ့ အသိဉာဏ်စွမ်းရည်တို့ ကောင်းစွာအလုပ်ပြန်လုပ်နိုင်ကြတာကို တွေ့ရှိခဲ့ရပါတယ်။
ကိုဗစ်ရောဂါဖြစ်ဖူးထားတဲ့သူတွေနဲ့ ရောဂါမဖြစ်ထားတဲ့သူတွေရဲ့ သိမြင်နိုင်စွမ်းအတိုင်းအတာ ကွာခြားချက်က သိသိသာသာ ထင်ရှားနေပါတယ်။
Source: Reuters