ဗြိတိန်ဆံသဆိုင်တွေက ဆံပင်ဖြတ်စ ညှပ်စတွေကို လွှင့်မပစ်ဘဲ စနစ်တကျသိမ်းဆည်းကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြန်လည်အသုံးပြုနေကြပါတယ်။ ဆံပင်ဟာ ဆီတွေကို စုတ်ယူတတ်တဲ့ သဘာဝရှိလို့ ဆီတွေယိုဖိတ်တဲ့မျက်နှာပြင်တွေက ဆီတွေကို သုတ်သင်သန့်ရှင်းပေးနိုင်ပါတယ်။ နောက်တစ်ခုက ဆံပင်ဟာ ဩဇာထက်တဲ့ သဘာဝမြေဩဇာတစ်မျိုးပါပဲတဲ့။ ရိုးရိုးဆံသဆိုင်တွေကနေ စိမ်းလန်းသောဆံသဆိုင် Green Salon တွေအဖြစ် ပြောင်းလဲနေသူ အချို့အကြောင်း စိတ်ဝင်စား စရာ သတင်းရုပ်သံတစ်ခုဖြစ်ပါတယ်။ Source: AFP Video