published 23 July 2021

ဗြိတိန်ရဲ့စူပါမားကက်တွေနှင့် ကုန်ပေးသွင်းသူတွေက သူတို့ရဲ့ဝန်ထမ်းတွေဟာ သီးခြားနေထိုင်တာတွေ လုပ်နေကြရတဲ့အတွက် အစားအသောက် မလုံလောက်မှုတွေ ရှိကောင်းရှိနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒီတစ်ပတ်စောစောပိုင်းမှာ ဗြိတိန်အစိုးရက အငြင်းပွား စရာဖြစ်တဲ့ ကန့်သတ်ချက်တွေအားလုံး ဖြေလျော့ပေးပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ခြေရာကောက် စည်းမျည်းတွေအရ အလုပ်သမားတွေနှင့် ကျောင်းသူကျောင်းသား သန်းပေါင်းများစွာဟာ အခု အိမ်တွေမှာပဲ နေထိုင်နေကြရပါတယ်။

Source: AFP TV