မလေးရှားရဲတွေဟာ ဝင်ရောက်ဖမ်းဆီးရာမှ သိမ်းဆည်းရမိခဲ့တဲ့ ဘစ်ကွိုင်စက်အလုံးရေ တစ်ထောင်ကျော်ကို ဇူလိုင်၂၃ရက်က လမ်းကြိတ်စက်ကြီးနှင့် ကြိတ်ချေဖျက်စီးပစ်ခဲ့တယ်လို့ ကွာလာလမ်ပူက လာတဲ့ အေအက်ဖ်ပီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီစက်တွေကို ဖေဖော်ဝါရီလနှင့် ဧပြီလအကြား ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်ခဲ့ရာကနေ တွေ့ရှိသိမ်းဆည်းမိခဲ့တာဖြစ်ပြီး တန်ဖိုးအရ မလေးရှားရင်းဂစ်၅.၃သန်း( အမေရိကန်ဒေါ်လာ၁.၂၅သန်း)ခန့်ရှိပါတယ်။