Published 23 July 2021
ကိုဗစ်-၁၉ကာကွယ်ဆေးကို ဆေးတောင့်ပုံစံဖြင့် သောက်ဆေးထုတ်လုပ်ခြင်းက ကာကွယ်ဆေးထိုးနှုန်းနိမ့်နေတဲ့ နိုင်ငံတွေအတွက် ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်တယ်လို့ အဲဒီကာကွယ်ဆေးတောင့်ကိုထုတ်လုပ်မယ့် အစ္စရေးဆေးကုမ္ပဏီက ပြောကြားလိုက်ပါတယ်။
ဂျေရုစလင်အခြေစိုက် အော်ရမ်မက်ဆေးဝါးကုမ္ပဏီဟာ တဲလ်အဗစ်ရဲ့ ဆော်ရာစကီဆေးပညာဌာနရဲ့ ခွင့်ပြုချက်ကိုရရှိပြီးလို့ ကာကွယ်ဆေးမထိုးရသေးတဲ့ မိမိဆန္ဒအလျောက်ပါဝင်သူ ၂၄ဦးကို တစ်ကြိမ်တစ်လုံးသောက် ကိုဗစ်-၁၉ကာကွယ်ဆေး တောင့်ကို တိုက်ကျွေးဖို့ရှိတယ်လို့ပြောပါတယ်။
အဲဒီဆေးတောင့်ကို အိန္ဒိယဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ပရီမားစ်ဘိုင်အိုတက်ခ် ကုမ္ပဏီက ဖော်စပ်ပြုလုပ်ထားတာဖြစ်ပါတယ်။
ဝက်တွေကို အဲဒီကာကွယ်ဆေးတောင့် တိုက်ကျွေးကြည့်တဲ့အခါ တိရိစ္ဆာန်တွေဆီမှာ ပဋိပစ္စည်းထုတ်လုပ်တာတွေ့ရ တယ်လို့ အော်ရမ်မက်ကုမ္ပဏီက မတ်ချ်လတုန်းကကြေညာထားခဲ့ပါတယ်။
အဲဒီကုမ္ပဏီဟာ ထိုးဆေးတွေကို သောက်ဆေးအဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာ အထူးပြုကျွမ်းကျင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လောလောဆယ်မှာ သူတို့ဟာ ဆီးချိုအမျိုးအစား-၂ကို ကုသဖို့ ဆီးချိုကုသောက်ဆေးလုံးတွေကို စမ်းသပ်နေပါတယ်။ လက်ရှိ ကိုဗစ်ထိုးဆေးတွေကတော့ တစ်လုံး သို့မဟုတ် နှစ်လုံးထိုးကြရတာဖြစ်ပါတယ်။
အော်ရမ်မက်ရဲ့ အမှုဆောင်အရာရှိချုပ် နာဒေ့ဗ်ကစ်ဒရွန်းက ကိုဗစ်ကာကွယ်ဆေးလုံးကို အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ရရချင်း လာမယ့်လမှာ စတင်စမ်းသပ်တိုက်ကျွေးမယ်လို့ တိုင်းမ်အော့အစ္စရေးသတင်းစာကိုပြောပါတယ်။
ကူးစက်မြန်ဒဲလ်တာမျိုးဗီဇကွဲကို ကာကွယ်ဖို့အတွက် သူ့ရဲ့ကာကွယ်ဆေးလုံးကို အားမြှင့်ကာကွယ်ဆေးအဖြစ်သုံးနိုင်တယ်လို့ လည်းသူကပြောပါတယ်။
“ ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးသောက်ဆေးဟာ အခြားသော ကိုရိုနာဗိုင်းရပ်စ်ကာကွဘ်ဆေးတွေလို အအေးခန်းထောက်ပို့ကွင်းဆက်တွေပံ့ပိုးပေးဖို့မလိုပါဘူး” လို့လည်းပြောပါတယ်။
Source: RT News / Times of Israel