#World_Health
Published - 7 January 2022
မာ့ခ် (Merck)ကုမ္ပဏီကထုတ်တဲ့ ကိုဗစ်ကုသရေးသောက်ဆေးဟာ သုံးစွဲရာမှာ ဘေးကင်းစိတ်ချရမှုမရှိတာကြောင့် တားမြစ်လိုက်ပြီး အိန္ဒိယကိုဗစ်ရောဂါကုသရေးအစီအစဉ်မှာ ထည့်သွင်းခြင်းမရှိတော့ကြောင်း ကျန်းမာရေးအကြီးတန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။


"ဒီဆေးက ဘေးကင်းစိတ်ချရမှုအပိုင်းမှာ ပြဿနာတွေရှိနေတယ်ဆိုတာကို သတိရှိဖိုလိုပါတယ်၊ အဲဒါက သန္ဓေသားချိုယွင်းခြင်း၊ မျိုးရိုးဗီဇပြောင်းလဲခြင်း၊ အရိုးနုများနဲ့ ကြွက်သားများ ထိခိုက်ခြင်းတိုကို ဖြစ်စေနိုင်ပါတယ်။ ပိုအရေးကြီးတာက မွေးလာတဲ့ကလေးမှာ ချိုယွင်းမှုတွေဖြစ်လာနိုင်တာကြောင့် ဒီဆေးသုံးမယ်ဆိုရင် သန္ဓေတားခြင်းပြုလုပ်ဖို လိုအပ်ပါလိမ့်မယ်" လို အိန္ဒိယအစိုးရပိုင်ဆေးသုတေသနကောင်စီမှ အကြီးအကဲဖြစ်သူ ဘယ်ရမ်ဘာဂါဗာက ပြောကြားသွားပါတယ်။


သန္ဓေသားချိုယွင်းစေတဲ့ဆေးတွေက မွေးလာတဲ့ကလေးမှာ ဖွံဖြိုးမှုပြဿနာတွေရှိလာနိုင်ပါတယ်။
မျိုးရိုးဗီဇပြောင်းလဲစေတဲ့ဆေးတွေကတော့ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇကို အပြီးတိုင်ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။


မာခ့်ကုမ္ပဏီနဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဒေါက်တာရက်ဒီ ဓာတ်ခွဲခန်းကုမ္ပဏီတိုက အမှတ်တံဆိပ်မကပ်ရသေးတဲ့ ဆေးတွေကို နောက်အပတ်အစောပိုင်းမှာ စတင်ရောင်းချရန်စီစဉ်နေပြီး မှတ်ချက်ပေးဖိုကိုတော့ ချက်ချင်းဖြေကြားခြင်း မရှိသေးပါဘူး။


မာခ့်ရဲ့သောက်ဆေးနဲ့ အမျိုးအစားတူတဲ့ မော်လ်နျူပီရာဗီယာ (Molnupiravir)ကို တိရိစာ္ဆန်တွေမှာ စမ်းသပ်ကြည့်ရာ မွေးရာပါချိုယွင်းချက်တွေကို ဆက်စပ်တွေ့ရှိရပါတယ်။
မာခ့်ကုမ္ပဏီက သူတိုရဲ့ဆေးနဲ့ အလားတူလေ့လာမှုတွေအရ လူတွေမှာထက် ပိုမိုကြာရှည်စွာ ဆေးပမာဏများများ အသုံးပြုပါက မွေးရာပါချိုယွင်းချက်တွေ ကင်ဆာတွေမဖြစ်စေနိုင်ဘူးလို တွေ့ရှိရကြောင်း ဆိုပါတယ်။


အိန္ဒိယကျန်းမာရေးကျွမ်းကျင်ပညာရှင်များက မာ့ခ်ရဲ့ဆေးဝါးကို နှစ်ကြိမ်တိုင်ဆွေးနွေးခဲ့ကြပြီး ပြီးခဲ့တဲ့လနှောင်းပိုင်းက နိုင်ငံအုပ်ချုပ်ရေးအဖွဲက အတည်ပြုလိုက်ကာ နောက်အပတ်မှစပြီး ပုဂ္ဂလိကဈေးကွက်မှာ ရောင်းချသွားမှာဖြစ်ကြောင်း ဘာဂါဗာက ဆိုပါတယ်။
"WHO ရော အင်္ဂလန်မှာရော အဲဒီဆေးကို အခုထက်ထိ ထည့်သွင်းသတ်မှတ်ခြင်း မရှိပါဘူး။ ရောဂါတိုက်ဖျက်ရေးအစီအစဉ်မှာလည်း လက်ရှိအချိန်မှာ ပါဝင်ခြင်းမရှိပါဘူး"လို ဆိုပါတယ်။


ဆရာဝန်တွေအများစုကလည်း ပြည်ထောင်စုကျန်းမာရေးတာဝန်ရှိသူများရဲ့ အကြံပြုချက်များကို လိုက်နာလေ့ရှိတာကြောင့် ဒီဆေးကိုဈေးကွက်တင်သွင်းတဲ့အခါ စီးပွားရေးထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
အဆိုပါဆေးဝါးက ဗိုင်းရပ်စ်ကို ဗီဇပြောင်းလဲမှုဖြစ်စေနိုင်တဲ့အပြင် မွေးရာပါချိုယွင်းချက်တွေ ဖြစ်လာနိုင်ကြောင်း ဆွေးနွေးသုံးသပ်ပြီးတဲ့နောက် ဒီဆေးအသုံးပြုဖိုသင့်တော်ခြင်းရှိမရှိကို အမေရိကန် FDA ရဲ့ ပဋိဇီဝဆေးဝါးအကြံပေးကော်မတီက နိုဝင်ဘာလက မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ ဒီဆေးကို မသုံးစွဲဖို FDA နဲ့ မာ့ခ်ကုမ္ပဏီတိုက အကြံပြုထားပါတယ်။
နိုဝင်ဘာလက အင်္ဂလန်နိုင်ငံဟာ ဒီဆေးကို ပထမဆုံးအသိအမှတ်ပြုတဲ့နိုင်ငံဖြစ်ခဲ့ပြီး နောက်ထပ်စမ်းသပ်ချက်တွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။
Source: Reuters