#World_Politics
Published - 7 January 2022


အမေရိကန်ရှိ လွှတ်တော်အဆောက်အအုံ တိုက်ခိုက်ခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့တွင် သမ္မတဂျိုးဘိုင်ဒန်က မိန့်ခွန်းပြောကြားရာမှာ သမ္မတဟောင်းဒေါ်နယ်ထရမ့်က မုသားစကားတွေဖြန့်ပြီး အမေရိကန်ရဲ့ဒီမိုကရေစီကို ပျက်ပြားအောင်လုပ်နေတယ်လို့ ကြာသပတေးနေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲရလာဒ်ကို ပြန်လည်ချေပရန် ကြိုးပမ်းနေကြတဲ့ ထရမ့်ရဲ့ထောက်ခံသူများက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ အမေရိကန်လွှတ်တော်အဆောက်အအုံကို ပုန်ကန်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပုန်ကန်သူတွေက ပြတင်းပေါက်မှန်တွေကိုဖျက်ဆီးကာ ရဲတွေကိုရန်ပြုခဲ့ကြပြီး လွှတ်တော်အမတ်တွေလည်း အသက်ရှင်အောင် ပြေးလွှားခဲ့ကြရပါတယ်။
ယခု ထိုအဆောက်အအုံကြီးမှာပဲ ဘိုင်ဒန်ကမိန့်ခွန်းပြောရာမှာ ရွေးကောက်ပွဲတွင် မဲလိမ်လည်မှုတွေရှိခဲ့တယ်ဆိုတဲ့ ထရမ့်ရဲ့မဟုတ်မမှန်စွပ်စွဲချက်တွေက တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေပြီး အနာဂတ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲတွေကိုလည်း ဖျက်ဆီးရာကျကြောင်း ပြောကြားသွားပါတယ်။

"အမေရိကန်သမ္မတဟောင်းက ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အလိမ်အညာစကားတွေ ဖြန့်နေပါတယ်။ သူက အာဏာရခြင်းရဲ့တန်ဖိုးကို သဘောကျပြီး အရှုံးကိုလက်မခံနိုင်ဖြစ်နေပါတယ်" လို့ ဘိုင်ဒန်က ဆိုပါတယ်။

ဘိုင်ဒန်က ၂၅ မိနစ်ကြာမိန့်ခွန်းပြောကြားရာမှာ သူ့အရင်က သမ္မတဟောင်းရဲ့နာမည်ကို လုံးဝထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အမေရိကန်နိုင်ငံရေးအခြေအနေအတွက် ခြိမ်းခြောက်မှုတွေကိုသာ ဖြေရှင်းရန် အာရုံစိုက်ကြိုးပမ်းနေကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

ထရမ့်က ပြန်လည်အရွေးခံရန် ငြင်းဆိုခဲ့ကြတဲ့သမ္မတဟောင်းတွေနဲ့မတူဘဲ မဲဆန္ဒရှင်တွေရဲ့သဘောကို လက်မခံနိုင်ဘဲရှိနေပြီး သူ့ရဲ့နောက်လိုက်ပြည်သူတွေကို ရွေးကောက်ပွဲရလာဒ်ကို ပြောင်းလဲနိုင်ဖို့ ဖိအားပေးခဲ့ပါတယ်။

ထရမ့်ရဲ့မဟုတ်မမှန်စွပ်စွဲချက်တွေက မဲလိမ်လည်မှုကို တိုက်ဖျက်ကာ ဆန္ဒမဲပေးရာမှာ ကန့်သတ်ချက်အသစ်ထုတ်ပြန်ပြီး ထရမ့်နောက်လိုက်တွေကို ကာကွယ်ဖုံးအုပ်ပေးထားပါတယ်။

အမေရိကန်ရွေးကောက်ပွဲတွေမှာ ထိုသို့လိမ်လည်မှုတွေက မရှိသလောက်ရှားပါးကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။ထရမ့်က ဆက်လက်ငြင်းဆန်နေပါက အနာဂတ်မှာ အမေရိကန်အာဏာလွှဲပြောင်းရာမှာ မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

နိုင်ငံရေးအာဏာပိုင်းမှာ ထရမ့်ဆက်လက်ပါဝင်ပတ်သက်နေတဲ့အပေါ် ဘိုင်ဒန်နဲ့ အခြားဒီမိုကရက်တွေက သတိထားစောင့်ကြည့်နေရကြောင်း မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
မိန့်ခွန်းအခမ်းအနားအဆုံးမှာတော့ လွှတ်တော်ဥက္ကဌနန်စီပယ်လိုစီဦးဆောင်တဲ့ ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေက ဖယောင်းမီးများဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ ဆုတောင်းပြုခဲ့ကြပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ ပုန်ကန်မှုနဲ့ ပတ်သက်နေတဲ့ အကျဉ်းသား ၄၀ ခန့်ကို ဒီစီအကျဉ်းထောင်မှာ စောင့်ကြပ်ကြည့်ရှုထားပါတယ်။
Source: Reuters