Published 3 January 2022

နှာခေါင်းပိတ်တာတို့ မောပန်းနွမ်းနယ်နေတာတို့နှင့်ကြုံတဲ့အခါ ဘယ်လိုဖျားနာနေသလဲဆိုတာကို အိုမီခရွန်ဗိုင်းရပ်စ်၊  တုပ်ကွေးနှင့် သာမန်အအေးမိဖျားနာရောဂါများအကြားတွင် ခွဲခြားနိုင်တဲ့ မတူကွဲပြားတဲ့အချက်တွေတွေ ရှိတယ်လို့   တောင် ဖလော်ရီဒါတက္ကသိုလ် ကျန်းမာရေးဌာနရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါက်တာသောမတ်စ်အန်နက်ရှ်က ပြောကြားလိုက် ပါတယ်။

“  အိုမီခရွန်ဟာ အအေးပတ်တာနှင့်ဆင်တူနေတယ်” လို့ ဒေါက်တာအန်နက်ရှ်က ဖောက်စ်၁၃သတင်းဌာနကိုပြောပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် နှာရည်ယိုတာတို့ လည်ချောင်းနာတာတို့ လူတော်တော်များများမြင်ဖူးနေကြတာတွေပါ။ ပိုပြီးထူးခြား တဲ့ လက္ခဏာတွေထဲကတစ်ခုကတော့ အိုမီခရွန်ဟာ ကိုယ်ခန္ဓာပိုပြီးကိုက်ခဲတယ်။ များသောအားဖြင့် ကျောအောက်ပိုင်းကိုက် ခဲတယ်လို့ကြားဖူးတယ်။ ပြီးတော့ မောပန်းတာတွေပိုများတယ်။ အိုမီခရွန်ကူးစက်ခံရပြီး ရက်အနည်းငယ်အကြာမှာ လူတွေက မောပန်းနွမ်းနယ်လာကြတယ်” လို့သူကပြောပါတယ်။

အိုမီခရွန်ကူးစက်ခံရတဲ့အခါ အဖျားကြီးတာကို လူနာအနည်းငယ်လောက်ဆီကပဲ ကြားသိမှတ်သားရပါတယ်။

“ ခင်ဗျားအနေနှင့် အဖျားငွေ့ငွေ့ရှိကောင်းရှိနိုင်တယ်။ အထူးသဖြင့် ခင်ဗျားက ကာကွယ်ဆေးအပြည့်ထိုးထားရင်ပေါ့” လို့ ဒေါက်တာအန်နက်ရှ်ကရှင်းပြပါတယ်။

“ ဒါပေမယ့် တုပ်ကွေးလိုမျိုးမဟုတ်ဘူး။ပြီးတော့ ဒဲလ်တာတို့ အဲလ်ဖာတို့ကူးစက်ခံရတာမျိုးမှာမြင်တွေ့ခဲ့ရတာမျိုးလည်း မဟုတ်ဘူး။ အနံ့ပျောက်တာ အရသာပျောက်တာ်တွေက ပြိးခဲ့တဲ့ အစောပိုင်းမျိုးကွဲတွေမှာတွေ့ရပေမယ့် အိုမီခရွန်မှာ တွေ့လေ့ တွေ့ထမရှိဘူး” လို့ ဒေါက်တာကဆက်လက်ရှင်းလင်းပြောဆိုပါတယ်။

ကိုယ်က အိုမီခရွန်ကူးစက်ခံနေရတာလား တုပ်ကွေးလားဆိုတာကို ဆုံးဖြတ်ဖို့ ရောဂါပြတဲ့အချိန်အတိုင်းအတာကို သတိထား ကြည့်ဖို့လိုတယ်လို့ဆိုပါတယ်။

“ တုပ်ကွေးက ပုံမှန်အားဖြင့် ရုတ်တရက်ရောက်လာတတ်တယ်။ အဖျားချက်ခြင်းကြီးလာပြီးချောင်းတွေတဟွတ်ဟွတ်  ဆိုး လာတယ်။အဲဒီနောက်နှာခေါင်းပိတ်တာတွေဖြစ်လာတတ်တယ်”လို့ ဒေါက်တာ အန်နက်ရှ်ကပြောပါတယ်။

“ ပထမဆုံးပြတဲ့ရောဂါလက္ခဏာတွေမှာ အိုမီခရွန်နှင့်အအေးမိတာ အတော်ဆင်တူတယ်။ ယေဘုယျအားဖြင့် လည်ချောင်း ယားတာတို့၊နှာခေါင်းပိတ်တာတို့ ဒါမှမဟုတ် အသက်ရှုကြပ်လာပြီး မောပန်းလာတာတို့ ၊ပြီးတော့ ကျောအောင်ပိုင်းကိုက်ခဲ တာတို့ပေါ့”လို့သူကပြောပါတယ်။

ဒေါက်တာအန်နက်ရှ်က အအေးမိတာနှင့်တုပ်ကွေးကိုခွဲခြားဖို့ခက်တယ်လို့လည်းပြောပါတယ်။

“ လူသားတွေကိုကူးစက်တဲ့ ကိုရိုနာဗိုင်းရပ်စ် အမည်နှင့်တကွသိတာ (၇)မျိုးပဲရှိတယ်။ အဲဒီ(၇)မျိုးထဲက (၄)မျိုးဟာ နှစ်စဉ် နှစ်တိုင်း အအေးမိဖျားနာတာတွေကို ဖြစ်စေတယ်။လို့ သူကပြောပါတယ်။

“ ဒါကြောင့် အခုဒီမှာ မြင်ရတဲ့ ဗိုင်းရပ်စ်တစ်ခုက သန္ဓေပြောင်းနေပြီး ရာသီပတ်လုံးမြင်နေရတဲ့ ပဥ္စမမြောက် သာမာန် အအေးမိဗိုင်းရပ်စ်လိုဖြစ်လာနိုင်မယ့် လမ်းကြောင်းကို ဆင့်ကဲပြောင်းလဲလာနေတယ်လို့ ကျွန်တော်ထင်မိတယ်” လို့ သူက ပြောပါတယ်။

အဲဒါကြောင့် တစ်ယောက်ယောက်ဟာ စစ်ဆေးခံသင့်သလာဆိုတာ မေးဖို့ရှိလာပါတယ်။

“ စစ်ဆေးဖို့သင့်တယ်။ သာမာန်အအေးပတ်သလို ရောဂါလက္ခဏာခံစားလာရရင် စစ်ဆေးနိုင်တဲ့ အခြေအနေရှိရင် စစ်ဆေး သင့်တယ်” လို့ သူကပြောပါတယ်။

စစ်ဆေးနိုင်မယ့် အခွင့်အရေးမရှိရင် ရောဂါလက္ခဏာတွေပိုများလာသလား၊ဥပမာအားဖြင့် အသက်ရှုရကြပ်တာတို့ အခြား လက္ခဏာတွေပေါ့ အဲဒါကိုစောင့်ကြည့်နေရမယ်။ ပိုပြီးဆိုးရွားလာမယ်ဆိုရင်တော့ ပိုးစစ်တဲ့ဌာနသွားပြီး အစစ်ခံရတော့မယ်” လို့ သူကအကြံပြုပါတယ်။

အိုမီခရွန်ကူးစက်ခံထားရသူတွေအတွက် လက်ရှိကာကွယ်ဆေးတွေဟာ ရောဂါပြင်းထန်တာ၊ဆေးရုံတက်ရတာနှင့်သေဆုံးရ တာတွေကို ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(စီဒီစီ)ရဲ့အဆိုအရ သိရပါတယ်။

“ ဒါပေမယ့်။ကာကွယ်ဆေးအပြည့်ထိုးပြီးသားသူတွေကို ကူးစက်တတွေ ရှိကောင်းရှိနိုင်တယ်။ ဒယ်လ်တာလို အခြားမျိုးဗီဇကွဲ မှာ ကာကွယ်ဆေးဟာ အကြီးအကျယ်ဖျားနာမှု၊ဆေးရုံတက်ရမှုနှင့်သေဆုံးမှုတွေကို ဆက်ပြီးကာကွယ်ပေးနေတုန်းပဲဆိုတာကို အေဂျင်စီက ယင်းရဲ့ ဝက်ဆိုက်မှာဖော်ပြထားပါတယ်။ လတ်တလောပေါ်ထွန်းလာတဲ့ အိုမီခရွန်ဟာ ကာကွယ်ဆေးထိုးနှင့် အားဖြည့်ကာကွယ်ဆေးတွေရဲ့ အရေးပါမှုကို ထပ်မံပြီး အလေးထားစေဖို့ဖြစ်လာပါတယ်” လို့ သူကပြောပါတယ်။

Source: fox10phoenix.com