Published 3 January 20222

ခုခံအားစနစ်ရဲ့ မကျော်ကြားလှတဲ့လက်တံတစ်ခုက ခန္ဓာကိုယ်ရဲ့ရောဂါကာကွယ်တဲ့ ပဋိပစ္စည်းတွေ ကျဆင်းလာနေသည့် တိုင် အိုမီခရွန်မျိုးဗီဇကွဲကြောင့် ရောဂါပြင်းထန်မှုကို ကာကွယ်ပေးနိုင်ပုံရှိတယ်လို့ သိရပါတယ်။ အဲဒီအပြင် ကူးစက်မှုတွေ စံချိန်တင် များပြားနေသည့်တိုင် ဘာဖြစ်လို့ ဆေးရုံတွေကို လွှမ်းမိုးမသွားစေသလဲဆိုတာကိုပါ ရှင်းပြနိုင်တော့မှာဖြစ်ပါတယ်။

တီဆဲလ်လို့ခေါ်တဲ့ တီ-ကလာပ်စည်းတွေဟာ ဗိုင်းရပ်စ်ကူးစက်နေတဲ့ဆဲလ်တွေကို တိုက်ခိုက်ပေးတဲ့ လက်နက်ဖြစ်ပြီး  ယင်းတို့ဟာ ကာကွယ်ဆေးထိုးခြင်းဖြင့် လုံလောက်မှုရှိလာစေပြီးအိုမီခရွန်ကို တွန်းလှန်နိုင်စွမ်းရှိတယ်ဆိုတာကို  နယ်သာလန်နိုင်ငံ အီရက်မတ်စ်တက္ကသိုလ်နှင့် တောင်အာဖရိကနိုင်ငံ ကိတ်တောင်းတက္ကသိုလ်တို့ရဲ့ သီးခြားလေ့လာမှုတွေက နေတွေ့ရှိရတာဖြစ်ပါတယ်။

အိုမီခရွန်ကူးစက်မှုလှိုင်းဟာ တောင်အာဖရိကမှသည် အမေရိကန်၊ဗြိတိန်တို့အထိ သေဆုံးမှုတွေနည်းပါးနေခဲ့တာ ဘာကြောင့် လဲဆိုတာကို အခုတွေ့ရှိမှုက ပြသနေပါတယ်။ အခြားပဋိပစ္စည်းတွေနှင့်မတူဘဲ တီဆဲလ်ဟာ ဗိုင်းရပ်စ်ရဲ့ စပိုက်ပရိုတိန်းတစ်ခု လုံးကို ပစ်မှတ်ထားနိုင်ပါတယ်။ အဲဒီစပိုက်ပရိုတိန်းဟာ သန္ဓေမြင့်မားစွာပြောင်းထားတဲ့ အိုမီခရွန်မှာတောင် အတူတူနီးပါးဖြစ် နေတာတွေ့ရပါတယ်။

အိုမီခရွန်ကူးစက်မှုမြင့်မားလာနေသည့်တိုင် အမေရိကန်မှာ သေဆုံးမှုတွေက လျော့ကျလာနေပါတယ်။

ကာကွယ်ဆေးထိုးပြီးတဲ့ ကျန်းမာရေးလုပ်သား ၆၀ဦးကို လေ့လာစမ်းသပ်ကြည့်အတဲ့အခါ အိုမီခရွန်ကိုတုန့်ပြန်တဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ပဋိပစ္စည်းဟာ ဘီတာနှင့်ဒဲလ်တာတွေထက်စာရင် လျောနည်းနေတာ မရှိသလောက်ဖြစ်နေတာကို ဒတ်ချ် သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ဒါပေမယ့် တီဆဲလ်ရဲ့ တုန့်ပြန်မှုကတော့ အပြောင်းအလဲ အတော့်ကိုနည်းပါ တယ်။ “ပဋိပစ္စည်း အားနည်းမှုကို ပြန်ပြီးချိန်ညှိပေးတဲ့အနေအထားရှိပြီး အဲဒါကြောင့် ကိုဗစ်-၁၉ ပြင်းထန်မှုကို ကာကွယ်တာ ဒါမှမဟုတ်ကန့်သတ်ပေးတာဖြစ်စေပါတယ်” လို့ဆိုပါတယ်။

ကိုဗစ်ကနေပြန်သက်သာလာတဲ့ လူနာတွေ ဒါမှမဟုတ် ဖိုင်ဇာ သို့မဟုတ် ဂျွန်ဆင်အင်န်ဂျွန်ဆင် ကာကွယ်ဆေးထိုးပြီး    သူတွေကိုလေ့လာကြည့်တဲ့အခါ အိုမီခရွန်ကို တိုက်ခိုက်ပေးတဲ့ တီဆဲလ်တုန့်ပြန်မှုက ၇၀ရာခိုင်နှုန်းကနေ ၈၀ရာခိုင်နှုန်းအထိ ရှိတယ်ဆိုတာကို ကိတ်တောင်း တက္ကသိုလ်၊ ကူးစက်ရောဂါနှင့် မော်လီကျူဆိုင်ရာဆေးပညာဌာနရဲ့ လေ့လာမှုကနေ  တွေ့ရှိကြရပါတယ်။

အိုမီခရွန်ဟာ ကာကွယ်ဆေးတွေရဲ့ ကာကွယ်နိုင်စွမ်းကို ယိုယွင်းစေနိုင်တယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက အထောက် အထားတွေတွေ့ရှိရတာကြောင့် အစိုးရတွေဟာ ပဋိပစ္စည်းမြင့်တက်လာစေဖို့ အားမြှင့်ကာကွယ်ဆေးတွေ ထိုးခိုင်းလာကြရ ပါတယ်။

ဒါပေမယ့် ခုခံအားကာကွယ်မှုမှာ အလွှာများစွာရှိနေပါတယ်။ ပဋိပစ္စည်းတွေက ကူးစက်မှုကို ပိတ်ဆို့ထားတဲ့အချိန်မှာ တီဆဲလ် တွေက ကူးစက်ခံထားရတဲ့ ဆဲလ်တွေကို သတ်ပစ်ပါတယ်။ အဲဒါကြောင့် ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်ပြီး ရောဂါဆိုးရွားစေခြင်းတွေက နေ ကာကွယ်ပေးပါတယ်လို့ ကိတ်တောင်းလေ့လာရေးအဖွဲ့က စာတမ်းရှင် ဝင်ဒီဘာဂင်စ်က ဗိုင်းရပ်စ်မိုနိုလော့ခ်ဆိုတဲ့ တွစ် တာအကောင့်ကနေ ရေးသားထားပါတယ်။

“ တီဆဲလ်တွေဟာ ကူးစက်မှုကနေတော့ မကာကွယ်နိုင်ပေမယ့် ကူးစက်ခံရပြီးနောက် ပျက်စီးစေရတာကိုတော့ အနည်းဆုံး ဖြစ်အောင်လုပ်ပေးနိုင်ကြပါတယ်” လို့ သူမကပြောပါတယ်။

တီဆဲလ်ဆိုတာ အတိတ်တုန်းကရခဲ့တဲ့ ရောဂါတွေကို မှတ်မိနိုင်တဲ့ သွေးဖြူဥကလာပ်စည်းတွေဖြစ်ပါတယ်။ ယင်းက ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဆဲလ်တွေကို သတ်ပစ်ပြီး ပဋိပစ္စည်းခုခံအားကို စနစ်တကျ ကာကွယ်ခုခံပေးပါတယ်။ ဥပမာပြောရရင် ၂၀၀၃ခုနှစ်တုန်းက ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ SARS ရောဂါ ကူးစက်ခံရသူတွေဟာ ၁၇နှစ်ကြာတဲ့အထိ တီဆဲလ်တွေရဲ့ တုန့်ပြန်မှု ဆက်လက်ရရှိနေတုန်းပဲဆိုတာတွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်။

Source Bloomberg