Published 2 January 2022

ပါရီစိန့်ဂျာမိန်း(ပီအက်စ်ဂျီ)ကလပ်ရဲ့ ရှေ့တန်းကစားသမား လီယွန်နယ်မက်ဆီနှင့် အခြားကစားသမား(၃)ဦးတို့ ကိုဗစ် ကူးစက်ခံကြရတယ်လို့  ဇန်နဝါရီ(၂)ရက်၊တနင်္ဂနွေနေ့က ပြင်သစ်လစ်ဂူး(၁)ကလပ်က ပြောဆိုပါတယ်။

အာဂျင်တီးနား နိုင်ငံတကာကစားသမား မက်ဆီဟာ ပီအက်စ်ဂျီကို ပြီးခဲ့တဲ့ ဩဂုတ်လက သူ့ငယ်စဉ်ကတည်းကကစားခဲ့တဲ့ ဘာစီလိုနာကနေ ပြောင်းရွှေ့လာတာဖြစ်ပါတယ်။ အသက်၃၄နှစ်အရွယ်မက်ဆီဟာ ပါရီသားတွေအတွက် ပြိုင်ပွဲအားလုံး ၁၆ပွဲမှာ ဂိုးပေါင်း(၆)ဂိုးသွင်းပေးခဲ့ပြီဖြစ်ပါတယ်။

မက်ဆီနှင့်အတူ ကိုဗစ်ပိုးတွေ့ရှိတဲ့ အခြားကစားသမား(၃)ဦးက နောက်တန်းလူ ဂျုအန်ဘာနက်၊ အရန်ဂိုးသမား ဆာဂျီယို ရီကိုနှင့် အလယ်တန်းကစားသမား နက်သန်ဘစ်တမ်ဇာလာတို့ဖြစ်ကြပါတယ်။ ကစားသမား(၄)ဦးစလုံးကို သီးသန့်ခွဲနေ ထိုင်စေပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဆောင်ပေးနေတယ်လို့ ပီအက်စ်ဂျီကပြောပါတယ်။

ဇန်နဝါရီ(၉)ရက်မှာ အိုလမ်ပစ်လွိုင်နေ့စ်မှာ ကစားမယ့် ပွဲအတွက် မက်ဆီပါမမပါမသေချာတော့ပါဘူး။မက်ဆီဟာ လောလောဆယ် အာဂျင်တီးနားမှာရှိနေတာဖြစ်ပါတယ်။

“ မက်ဆီဟာ ကျွန်တော်တို့ ဆေးအဖွဲ့နှင့် ပုံမှန်အဆက်အသွယ်ရှိနပါတယ်။ သူနဂ္ဂတစ်အဖြေထွက်တဲ့အခါ ပြင်သစ်ကို လာမှာပါ။ ကျွန်တော်တို့ အဲဒါထက်ဘာမှပိုမသိသေးဘူး”လို့နည်းပြ ပေါ့ချက်တီနိုက ပြောပါတယ်။သူဘယ်တော့ပြန်ကစား နိုင်မယ်ဆိုတာကို ကျွန်တော်တို့အမြဲစောင့်ကြည့်နေတယ်လို့သူကပြောပါတယ်။

ပြင်သစ်မှာ ပြီးခဲ့တဲ့၂၄နာရီအတွင်း ကိုဗစ်ကူးစက်မှုအသစ်၂၁၉၁၂၆ဦးရှိခဲ့ပါတယ်။ တစ်ရက်ကို နှစ်သိန်းကျော်ရှိခဲ့တာ လေးရက်မြောက်နေ့လည်းဖြစ်ပါတယ်။

ပြင်သစ်ဟာ အမေရိကန်၊အိန္ဒိယ၊ဘရာဇီး၊ဗြိတိန်နှင့်ရုရှားတို့လို ကူးစက်မှု၁၀သန်းကျော်ရှိသွားပါပြီ။

ဘရာဇီးရှေ့တန်းကစားသမားနေယာကလည်း ခြေချင်းဝတ်ဒဏ်ရာရထားလို့ လေ့ကျင့်ရေးမဆင်းနိုင်တာ သုံပတ်လောက်ရှိပြီလို့ ပီအက်စ်ဂျီကပြောပါတယ်။

Source France24