Published 2 January 2022

တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမှာရှိတဲ့ ပါလီမန်အဆောက်အအုံမှာ တနင်္ဂနွေနေ့က မီးကြီးလောင်ကျွမ်းခဲ့ရာမှာ သတင်း ရိုက်ကူးချိန်အထိ ထိန်းနိုင်တဲ့အနေအထားမရှိသေးဘူးလို့ အေအက်ဖ်ပီကသတင်းပေးပို့ပါတယ်။  အဲဒီအဟုန်ပြင်းတဲ့ မီးကြီးကို မီးသတ်သမားတွေက ခြောက်နာရီကျော်ကြာငြိမ်းသတ်နေခဲ့ကြရတာဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ ပျက်စီးဆုံးရှုံးမှုတွေများပြားမှာကို စိုးရိမ်နေကြပါတယ်။

Source AFP