ရုရှားနိုင်ငံက သူတို့ရဲ့ အက်စ်-၅၀၀ ( S-500) လေကြောင်းကာကွယ်ရေးစနစ်ကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာလိုက်ကြောင်း အေအက်ဖ်ပီကသတင်းပေးပို့ပါတယ်။ နောက်ဆုံးပေါ် အဲဒီဒုံးကျည်ကို ကက်ပုစတင်ယာ လေ့ကျင့်ရေးကွင်းကနေ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 အဲဒီစနစ်ဟာ  ဟိုပါဆိုးနစ်လို့ခေါ်တဲ့ အသံထက်ငါးဆမြန်တဲ့ ပစ်မှတ်တွေကို ပစ်ချနိုင်စွမ်းရှိတယ်လို့ မော်စကိုကပြောပါတယ်။

Source AFP Video