Published-20 July 2021
ယခုလကုန်ပိုင်းမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်လည်ပတ်မှာဖြစ်တယ်လို့ ပင်တဂွန်ကသတင်းထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟာ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံတွေကို သွားရောက်လည်ပတ်မှာလို့ ဟနွိုင်းမှာရှိတဲ့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
“ ဝန်ကြီးအော်စတင်ရဲ့ခရီးဟာ ဘိုင်ဒင်-ဟာရစ်အစိုးရအဖွဲ့က အရှေ့တောင်အာရှနှင့်အာဆီယံကို အင်ဒို-ပစိဖိတ်ဗိသုကာရဲ့ မရှိမဖြစ် အစိတ်အပိုင်းအဖြစ်ထားရှိတာကို လက်တွေ့ပြသတဲ့တာဖြစ်ပါတယ်” လို့ ပင်တဂွန်ရဲ့ပြောရေးဆိုခွင့်ရသူ ဂျံန်ကိုင်ယာဘီက ပြောဆိုပါတယ်။ အော်စတင်ရဲ့ခရီးဟာ ဇူလိုင်၂၃ရက်ကနေ စတင်မယ်လို့ ဟနွိုင်းက အမေရိကန်သံရုံးက ပြောကြားပါတယ်။
“ ဒီခရီးစဉ်ဟာ ဒေသနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ကတိကဝတ် တောင့်တင်းခိုင်မာစေမှုနှင့် ဒေသထဲမှာ စည်းမျဉ်းအခြေပြုနိုင်ငံတကာအစီအစဉ်ကိုထိန်းသိမ်းထားရှိပြီး အာဆီယံရဲ့အချက်အချာကျမှုကို မြှင့်တင်ဖို့ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုကို ထင်ရှားစေမှာ ဖြစ်ပါတယ်” လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ သိသာတဲ့ လွှမ်းမိုးမှုုရှိနေတဲ့ ဒီဒေသကို အမေရိကန်ရဲ့ အခန်းကဏ္ဍပြန်လည်အသက်သွင်းဖို့ သမ္မတ ဂျိုးဘိုင်ဒင်က မျှော်လင့်ထားတာဖြစ်ပါတယ်။