ပြင်သစ်နိုင်ငံက ကိုယ်အင်္ဂါအစိတ်အပိုင်းအတုထုတ်လုပ်တဲ့ ကာမက် ကုမ္မဏီက ၂၀၀၈ခုနှစ်ကတည်းက ထုတ်ထားတဲ့ နှလုံးအတုတွေထဲက တစ်ခုကို ပထမဆုံးအကြိမ်ရောင်းချလိုက်ရပါတယ်။ ဝယ်ယူသူက နှလုံးခွဲစိတ်ဖို့စောင့်ဆိုင်းနေတဲ့ အီတလီလူနာတစ်ဦးအတွက် ဝယ်ယူလိုက်တာဖြစ်ပါတယ်။