Published-19 July 2021
ဆီးရီးယား အကြမ်းဖက်သမားတွေအတွက် ရန်ပုံငွေထောက်ပံ့တဲ့အတွက်
စင်္ကာပူစီးပွားရေးသမားတစ်ဦးကို စင်္ကာပူခရိုင်တရားရုံးတစ်ရုံးက တရားစွဲဆိုလိုက်ပါတယ်။
 
အသက်၅၀အရွယ်ရှိ စင်္ကာပူနိုင်ငံသား မိုဟာမက်ကာဇာလီဆာလဟာ ဇူလိုင်၁၉ရက် တနင်္လာနေ့မှာ ဗွီဒီယိုလင့်ခ်ကနေ တစ်ဆင့် တရားရုံးမှာပေါ်လာပါတယ်။ သူ့ကို အကြမ်းဖက်တွေကိုရန်ပုံငွေပေးခဲ့တဲ့အမှုသုံးမှုနှင့်တရားစွဲဆိုလိုက်တာပါ။
သူ့ကို ပြည်တွင်းလုံခြုံရေးအက်ဥပဒေ(အိုင်အက်စ်အေ)နှင့်ထိန်းသိမ်းထားတာဖြစ်ပါတယ်။
 
သူဟာ စင်္ကာပူရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့အတွက် အာမခံမပေးပါဘူး။
တရားရုံးရဲ့စာရွက်စာတမ်းတွေအရ သူဟာ ၂၀၁၃ခုနှစ်ဒီဇင်ဘာလနှင့် ၂၀၁၄စောစောပိုင်းအကြားမှာ သုံးကြိမ်တိတိ “ ဝန်မိုအက်ကီဝန်ဇာနီယယ်အက်ဘီဒင်ထံ ငွေတွေကို တရားမဝင်ပေးပို့ခဲ့ပါတယ်။ အဲဒီငွေတွေစာ ဆီးရီးယားမှာ အကြမ်းဖက်လုပ်ငန်းတွေလုပ်တဲ့အခါ အသုံးပြုဖို့လို့ဆိုပါတယ်။
 
ပထမအကြိမ်မှာ သူဟာ မလေးရှားရင်းဂစ် တစ်ထောင်ကို ဂျိုဟောဘာရူးက ဘတ်စ်ကားဂိတ်မှာ ဝန်မိုအက်ကီကို ပေးခဲ့ပါတယ်။ နောက်နှစ်ကြိမ်မှာ သူဟာ အမေရိကန်ဒေါ်လာ၃၅၁.၇၅နှင့် မလေးရှားရူပီး၅၀၀ ကို စင်ကာပူနှင့် မလေးရှားက ဝက်စတင်းယူနီယံကတစ်ဆင့် လွှဲပေးခဲ့တယ်လို့သိရပါတယ်။
၂၀၀၂ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အကြမ်းဖက်မှုဥပဒေအရ ငွေကြေးထောက်ပံ့ကြောင်း ပြစ်မှုထင်ရှားရင်သူဟာ အမှုတစ်ခုချင်းစီအတွက် ထောင်ဒဏ် ဆယ်နှစ်နှင့် ဒဏ်ငွေ စင်္ကပူဒေါ်လာငါးသိန်းပေးဆောင်ရမှာဖြစ်ပါတယ်။
 
မလေးရှားမှာ အခြေစိုက်တဲ့ ကာဇာလီကို ၂၀၁၈ခုနှစ်ဒီဇင်ဘာက မလေးရှားအထူးတပ်ဖွဲ့အရာရှိတွေက ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူ့ကိုစင်ကာပူကိုပြည်နှင်ဒဏ်ပေးလိုက်ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီမှာ သူ့ကို အိုင်အက်စ်အိုင်အက်စ် ကိုထောက်ခံအားပေးမှုနှင့် ဖမ်းမိထုတ်ခဲ့ပါတယ်။
 
“သူဟာ ဆီးရီးယားအခြေစိုက် အိုင်အက်စ် အိုင်အက်စ် စစ်သွေးကြွ မလေးရှားနိုင်ငံသား အက်ကယ်လ်ဇာနီယယ်လို့ သိကြတဲ့ ဝန်မိုအက်ကီဘင်ဝန်ဇာနီယယ် အက်ဘီဒင်ရဲ့ အနီးကပ်မိတ်ဆွေတစ်ဦးဖြစ်ပါတယ်။အက်ကယ်ဇာနီယယ်ဟာ ၂၀၁၉ခုနှစ် သူသေဆုံးတယ်လို့မကြေညာခင်မှာ အိုင်အက်စ်အိုင်အက်စ်ရဲ့ ဝါအရင့်ဆုံးတိုက်ခိုက်ရေးသမားဖြစ်ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
 
Ref: The Straits Times