၃၁ မတ် ၂၀၂၄

ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးဆက်လက်ကောင်းမွန်ဖို့အတွက်  တရုတ်နိုင်ငံကို ဆန်တင်ပို့မှုတိုးမြှင့်ဖို့ စီစဉ်နေပါတယ်။

ဒီလစောစောပိုင်းမှာ ထိုင်းအစိုးရဟာ တရုတ်သွင်းကုန်လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံပြီး တရုတ်နိုင်ငံ ရှန်ကျန်မှာ ဖြန့်ဖြးရေးစင်တာ တစ်ခု ဖြစ်နိုင်ချေတွေဆွေးနွေးခဲ့ပါတယ်။ အဲဒီအပြင် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗစ်ဆင်နှင့်လည်း တွေ့ဆုံပြီး  ထိုင်းနိုင်ငံက တရုတ်နိုင်ငံကို ၂၀၂၄ခုနှစ်အတွင်း ဆန်တန်ချိန် ၇.၅သန်းတင်ပို့ဖို့ ဆွေးနွေးခဲ့တယ်လို့‌ မျှော်လင့်ထားကြပါတယ်။

Source CCTV+