၃၁ မတ် ၂၀၂၄

ရုရှားသမ္မတ ဗလက်ဒီမာပူတင်က နွေဦးရာသီပုံမှန်စစ်မှုမထမ်းမနေရ အစီအစဉ်အရ ရုရှားနိုင်ငံသား တစ်သိန်းငါးသောင်းကို ခေါ်ယူမယ့် အမိန့်ကိုလက်မှတ်ရေးထိုးလိုက်တဲ့စာရွက်စာတမ်းကို  ကရင်မလင်ဝက်ဘ်ဆိုက်မှာ တနင်္ဂနွေနေ့က ထုတ်ပြန် လိုက်ပါတယ်။

အမိန့်အရ ရုရှားမှာရှိတဲ့ အသက်၁၈နှစ့်အထက် အမျိုးသားတွေဟာ တစ်နှစ်ကြာ စစ်မှုထမ်းခြင်း ဒါမှမဟုတ် အဆင့်မြင့်ပညာ  သင်ကြားနေစဉ်အတွင်း ယင်းနှင့်တန်းတူတဲ့ သင်တန်း တက်ရောက်ဖို့ လိုအပ်မှာြဖစ်ပါတယ်။ အသက် ၁၈နှစ်နှင့် အသက် ၃၀ အကြားရှိ ရုရှားနိုင်ငံသားတွေ လက်ရှိ အရန်အင်အားမှာရှိနေသူများကလွဲ၍ အားလုံးဟာ စစ်မှုမထမ်းမနေရ အစီအစဉ်မှာ အကျုံးဝင်ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကရုရှားရဲ့ အောက်လွှတ်တော်ဟာ စစ်မှုမထမ်းမနေရ အမျိုးသားများရဲ့ အမြင့်ဆုံးအသက်သတ်မှတ်ချက်   ကို အသက် ၂၇ နှစ်မှ အသက်၃၀ သို့ တိုးမြှင့်သတ်မှတ်ဖို့ မဲပေးဆုံးဖြတ်ခဲ့ပြီး အဲဒီပြဋ္ဌာန်းချက်ဟာ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်အသက်ဝင်ခဲ့ပါတယ်။

စစ်မှုမထမ်းမနေရဖြင့် အမှုထမ်းကြရသူတွေဟာ ရုရှားနိုင်ငံအပြင်ဘက်မှာ စစ်တိုက်ဖို့ ဥပဒေအရ ခွင့်မပြုပါဘူး။ ပြီးတော့ ယူကရိန်းနှင့်စစ်ပွဲမှာလည်း အဲဒီသူတွေကို ချန်လှပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မှားယွင်းပြီးပါသွားသူ အချို့တော့ရှိခဲ့ပါတယ်။


ရုရှားဟာ တစ်နှစ်မှာ နှစ်ကြိမ် စစ်မှုမထမ်းမနေရဆင့်ခေါ်ပါတယ်။ နွေဦးရာသီတစ်ကြိမ် ဆောင်းဦးရာသီ တစ်ကြိမ်ဖြစ်ပါတယ်။ ၂၀၂၃ ဆောင်းဦးရာသီမှာ လူပေါင်း ၁၃၀,၀၀၀ စစ်မှုထမ်းဖို့စာရင်းသွင်းခဲ့ကြတာတွေ့ရပါတယ်။

Source Reuters /Xinhua