ကျန်းမာရေးဝန်ကြီးအပါအဝင် ဝန်ကြီး၁၂ဦး နှုတ်ထွက်ခဲ့ကြပြီးနောက် အိန္ဒိယနိုင်ငံမှာ ဝန်ကြီးအဖွဲ့  ကြီးကြီးမားမား အပြောင်းအလဲအဖြစ် ဝန်ကြီးအသစ်တွေဟာ ဇူလိုင်၈ရက်မနက်က ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပါတယ်။ နှုတ်ထွက်ခဲ့ကြတာဟာ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီရဲ့  ၂၀၂၂ ခုနှစ် ပြည်နယ် ခုနှစ်ပြည်နယ် ရွေးကောက်ပွဲမတိုင်ခင် ဝန်ကြီးအဖွဲ အကြီးအကျယ်ပြောင်းလဲမှုလုပ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။