Published 9 July 2021

ဟေတီသမ္မတဂျိုဘင်နဲလ်မွိုင်ဆီကို လုပ်ကြံသတ်ဖြတ်ခဲ့ရာမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ အမေရိကန် နှစ်ဦး၊ကိုလံဘီယာသား၂၆ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ် ၁၁ယောက်ကို ဟေတီမှာရှိတဲ့ တိုင်ဝမ်သံတမန်ဝင်းထဲမှာဖမ်းမိခဲ့တာဖြစ်တယ်လို့ ဟေသီအမျိုးသားရဲတပ်ဖွဲ့ကကြေညာပါတယ်။ လုပ်ကြံသတ်ဖြတ်တဲ့အစီအစဉ်ကို ဒီတစ်ပတ်စောစောပိုင်းမှာ အနည်းဆုံးလူ၂၈ဦးကပြုလုပ်ခဲ့ကြတာ ဖြစ်တယ် လို့ ရဲချုပ်လီယွန်ချားလ်စ်က သတင်းထောက်တွေကိုပြောပါတယ်။ သံသယတရားခံ တော်တော်များများကိုဖမ်းမိထားပြီးအချို့ကတော့ ပစ်ခတ်ဖမ်းဆီးရင်းသေဆုံးခဲ့ကြတယ်လို့ ရဲချုပ်က ဆက်ပြောပါတယ်။

“ ကိုလံဘီယာသား၁၅ဦးနှင့် ဟေတီဇာတိအမေရိကန်နိုင်ငံသားနှစ်ဦးကို ဖမ်းမိပါတယ်။ ကိုလံဘီယာ သားသုံးဦးကိုအသေဖမ်းဆီးရမိပြီး ရှစ်ဦးလွတ်မြေက်နေပါတဘ်” လို့ ချားလ်စ်ကပြောပါတယ်။ အဲဒီ အပြင် လု့ပ်ကြံသတ်ဖြတ်သူတွေသုံးခဲ့တဲ့ လက်နက်ကိရိယာာတွေကိုသိမ်းဆည်းရမိတယ်လို့လည်း သူကဆက်ပြောပါတယ်။ ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ဒီယာဂိုမိုလန်နိုက အခုဖော်ထုတ်တွေ့ရှိမှု ထဲက ကိုလံဘီယာသားတော်တော်များများဟာ ကိုလံဘီယာစစ်တပ်မှုအမှုထမ်းဟောင်းတွေဖြစ်တယ်လို့ ပြောပါတယ်။သူက ဟေတီအာဏာပိုင်တွေနှင့်အတူ အမှုဖော်ထုတ်ရာမှာ ကူညီပံ့ပိုးပေးမယ်လို့လည်း ပြောပါတယ်။ ဒီကနေ့နှောင်းပိုင်းမှာ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောရာမှာ “ ကြေးစားစစ်သား(၁၁)ဦး သူတို့ရဲ့ ဝင်းထဲမှာ ဝင်လာလို့ အဖမ်းခံရတယ်လို့ အတည်ပြုပြောကြားပါတယ်။ ဟေတီဟာ တိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးတည်ထောင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့စစ်ဆင်ရေးဟာ ချောချောမွေ့မွေ့ဖြစ်ခဲ့သလားဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။ အဲဒီဖမ်းမိတဲ့ကြေးစား စစ်သား(၁၁)ဦးဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာလည်း မသိရသေးပါဘူး။

အမေရိကန်နိုင်ငံသားတွေ အဖမ်းခံရတယ်ဆိုတာ သူတို့အတည်မပြုနိုင်သေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာကိုပြောပါတယ်။ ဒါပေမယ့် နောက်အဆင့်တွေ ဘာလုပ်ရမယ်ဆုံးဖြတ်ဖို့ ဟေတီအာဏာပိုင်တွေနှင့်အဆက်အသွယ်ရှိတယ်လို့လည်းပြောပါတယ်။ ဟေတီရဲ့ရွေးကောက်ပွဲဆိုင်ရာဝန်ကြီး မက်သီးယားပီယားစ်က အဲဒီဟေတီ-အမေရိကန်နှစ်ဦးဟာ အသက်၃၅နှစ်အရွယ် ဂျိမ်းစ်ဆိုလက်စ်နှင့် အသက်၅၅နှစ်အရွယ် ဂျိုးဆက်ဗင်ဆင့်တို့ဖြစ်တယ်လို့ အတည်ပြုပေးပါတယ်။ မွိုင်ဆီဟာ မြို့တော်ပို့အော်ပရင့်စ်အနီးက သူ့ရဲ့အိမ်မှာ သေနတ်သမားအုပ်စုတစ်စုရဲ့လုပ်ကြံသတ် ဖြတ်မှုကြောင့် ဗုဒ္ဓဟူးနေ့ မနက်က သေဆုံးခဲ့ရပါတယ်။ သူ့ဇနီးလည်း အပြင်အထန်ဒဏ်ရာရရှိလို့ မီယာမီဆေးရုံကို လေယာဉ်နှင့်တင်ဆောင် ဆေးကုသခံယူနေပါတယ်။ကြားဖြတ်ဝန်ကြီးချုပ်နှင့် ယာယီ သမ္မတဖြစ်တဲ့ ကလောဒီဂျိုးဆက်က အဲဒီလူသတ်သမားတွေဟာ အမေရိကန်မူးယစ်ဆေးဝါး နှိမ်နှင်ရေးအေဂျင့်တွေအဖြစ် အယောင်ဆောင်ခဲ့ကြတယ်လို့ထုတ်ဖော်ပြောကြားပါတယ်။

Ref: Reuters